Wednesday, December 12, 2012

ပြည်တွင်းဆေးဝါး ဈေးကွက်တွင် ဆေးဝါးတုများ ၀င်ရောက်လျှက်ရှိ၊ သတိပြု ၀ယ်ယူသင့်


ပြည်တွင်းဆေးဝါးဈေးကွက်တွင် အရည်အသွေးပြည့်မှီခြင်း မရှိသော ဆေးဝါးအတုများ ပြည်ပမှ နည်းလမ်းပေါင်းစုံဖြင့်ဝင်ရောက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်တည်ငြိမ်မှုမရှိကြောင်း ဆေးဝါး ဈေးကွက်
အသိုင်းအ၀ိုင်းမှ သိရသည်။
“နိုင်ငံအစုံ၊ လိုင်းအစုံကနေ၀င်လာတဲ့ ဆေးတွေမှာဆေးအတုတွေပါတယ်။ အာနိသင် မပြည် ၀တဲ့ ဆေးတွေ ပါတယ်။ အပြိုင်သွင်းတဲ့ဆေးတွေပါတယ်။ ဆေးတွေအားလုံးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင် မထားတဲ့ ဆေးတွေ ပါ။ နည်းမျိုးစုံနဲ့ ၀င်နေတဲ့အတွက် နောက်ဆုံးပြည်သူတွေ၊ စားသုံးသူတွေဘဲ ခံရတယ်” ဟု NILAY NAING ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမောင်မောင်လေးက ပြောသည်။

No comments:

Post a Comment