Wednesday, December 12, 2012

ဆီးရီးယားမြောက်ပိုင်းမှ အစိုးရစစ် စခန်းကို သူပုန်များသိမ်း


ဆီးရီးယားမြောက်ပိုင်းမှ အစိုးရစစ် စခန်းကို သူပုန်များသိမ်း

12/Dec/2012

ဆီးရီးယား သူပုန်များသည် နိုင်ငံ၏မြောက်ပိုင်း အလက်ပိုမြို့၏ အနောက်ဘက် ကပ်လျက်ရှိသည့် ကြည်းတပ် အခြေစိုက် စခန်းတစ်ခုကို နောက်ထပ် သိမ်းပိုက်လိုက်ကြောင်း၊ တူရကီ နယ်စပ်အနီး နယ်မြေများကို အတိုက်အခံတို့က ထိန်းချုပ်ထားခြင်းအား ပိုမိုခိုင်မြဲသွားစေကြောင်း လှုပ်ရှားသူများက တနင်္လာနေ့တွင် ပြောကြားသည်။ သူပုန်များသည် ရှိတ်ဆူလမန် စစ်စခန်း ဝန်းကျင်၌ သီတင်းပတ်နှင့် ချီ၍ တိုက်ပွဲများ ဆင်နွှဲပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ယင်းစခန်းအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေး အဖွဲ့က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လက အလက်ပိုမြို့အနီးရှိ စစ်စခန်း တစ်ခုဖြစ်သော ကြည်းတပ်၏ အမှတ် ၄၆ တပ်ရင်း စခန်းကိုလည်း သူပုန်တို့ သိမ်းယူနိုင်ခဲ့သည်။ သဘောထား တင်းမာသော စစ်သွေးကြွ အုပ်စုများက သူပုန်များသည် ရှိတ်ဆူလမန် စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်ဟု လူ့အခွင့်အရေး လေ့လာရေး အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗူလ်ရာမန်က ပြောသည်။ ရာမန်က အေပီ သတင်းဌာနသို့ ပြောကြားရာတွင် ယင်းသို့ ရှိတ်ဆူလမန် စခန်းကို သိမ်းပိုက်ခဲ့ကြသော တိုက်ခိုက်ရေး သမားမှာ ဂျီဟတ်အယ်လ်-နျူဆရာ၊ မူဂျာဟီဒင်ဘူရာ ကောင်စီနှင့် မူဟာဂျီဒင်း အုပ်စုတို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

 (အေပီ)
ဆီးရီးယား သူပုန်များသည် နိုင်ငံ၏မြောက်ပိုင်း အလက်ပိုမြို့၏ အနောက်ဘက် ကပ်လျက်ရှိသည့် ကြည်းတပ် အခြေစိုက် စခန်း တစ်ခုကို နောက်ထပ် သိမ်းပိုက်လိုက်ကြောင်း၊ တူရကီ နယ်စပ်အနီး နယ်မြေများကို အတိုက်အခံတို့က ထိန်းချုပ်ထားခြင်းအား ပိုမိုခိုင်မြဲ သွားစေကြောင်း လှုပ်ရှားသူများက တနင်္လာနေ့ တွင် ပြောကြားသည်။ သူပုန်များသည် ရှိတ်ဆူလမန် စစ်စခန်းဝန်းကျင်၌ သီတင်းပတ်နှင့် ချီ၍ တိုက်ပွဲများ ဆင်နွှဲ ပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ယင်းစခန်းအတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေး အဖွဲ့က ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လက အလက်ပိုမြို့အနီးရှိ စစ်စခန်း တစ်ခုဖြစ်သော ကြည်းတပ်၏ အမှတ် ၄၆ တပ်ရင်း စခန်းကိုလည်း သူပုန်တို့ သိမ်းယူနိုင်ခဲ့သည်။ သဘောထား တင်းမာသော စစ်သွေးကြွ အုပ်စုများက သူပုန်များသည် ရှိတ်ဆူလမန် စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်ဟု လူ့အခွင့်အရေး လေ့လာရေး အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗူလ်ရာမန် က ပြောသည်။ ရာမန်က အေပီသတင်းဌာနသို့ ပြောကြားရာတွင် ယင်းသို့ ရှိတ်ဆူလမန် စခန်းကို သိမ်းပိုက်ခဲ့ကြသော တိုက်ခိုက်ရေးသမားမှာ ဂျီဟတ်အယ်လ်-နျူဆရာ၊ မူဂျာဟီဒင် ဘူရာ ကောင်စီနှင့် မူဟာဂျီဒင်း အုပ်စုတို့မှ ဖြစ်ကြသည်ဟု ဆိုသည်။

(အေပီ)

No comments:

Post a Comment