Saturday, December 8, 2012

ကျန်းမာရွှင်လန်း မြင်းခွာရွက်အစွမ်း

ကျန်းမာရွှင်လန်း မြင်းခွာရွက်အစွမ်း

မြန်မာ့ဆေးကျမ်းများ အလိုအရ မြင်းခွာရွက်သည် အရသာ ခါးသက်သက်ရှိ၏။ စပ်ရှားရှားရှိ၏။ ချို၏။ ထက်မြက်၏။ သလိပ်ကိုပယ်တတ်၏။ အရေပြား ရောဂါ၊ ယားနာအဖုအပိမ့်များ၊ အနာပေါက်ရောဂါနှင့် နူနာတို့ကို ပျောက်ကင်း စေနိုင်သည်။

မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ် သောက်သော် ခွန်အားတိုးတက်စေ၏။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ ပျောက်ကင်းစေသကဲ့သို့ မြင်းခွာရွက်ကို အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးခြင်းဖြင့် အဆစ်အဆက်တို့၌ ဖြစ်သော လေအဖုအကျိတ် များပျောက်ကင်း စေနိုင်သည်။

ထို့အပြင် မြင်းခွာရွက်ကို အရည်ညှစ်၍ လက်ဖက် ရည်ဇွန်းအနည်းငယ် တစ်ဇွန်းခန့်တိုက်ပါက ကလေးငယ်များအအေးမိခြင်း၊ လေပြွန်ချောင်း ပူခြင်းပျောက်၏။ ဝမ်းသက်၍ သလိပ်ကိုလည်း ကျစေနိုင် သည်။

အရေပြား ရောဂါများအတွက် ၎င်း၏ အရွက်ညှစ်ရည်ဖြင့် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေခြင်း၊ ကိုယ်တွင် ရုတ်တရက် ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်း၌ ၎င်း၏ အရွက်ကိုကြိတ်၍ ရသောအရည်ဖြင့် လိမ်းကျံပေးက ပျောက်ကင်း၏။ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ဆီး၌ သွေးပါခြင်း တို့အတွက် မြင်းခွာရွက် ဖျော်ရည်ပြုလုပ်သောက်က ပျောက်ကင်းစေနိုင်သည်။ မြင်းခွာရွက်ကို ငရုတ်ကောင်း၊ ပျားရည်တို့နှင့် စပ်၍ သောက်ပါက အသက် ရှည်၏။ အနာရောဂါပျောက်ကင်းစေနိုင်သည်။ 

မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိ နာပျောက်ဆေး အဖြစ်လည်း ဖော်စပ်သုံးနိုင်သည့်အပြင် မြင်းခွာရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ရည် ခါးသဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေသည်။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင်ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း သို့မဟုတ် အရည်ညှစ် ၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာမျက်စိနာခြင်း၊ မျက်စိ ကျိန်းခြင်း များကို ပျောက်ကင်းစေ နိုင်သည်။

မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ကြောင်းကို စာဖတ်သူ ပရိသတ်များ သိရှိသုံးစွဲနိုင်စေ ရန်အတွက် မြင်းခွာရွက်အကြောင်း သိကောင်းစရာ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။ မြန်မာ့ဆေးကျမ်းများ အလိုအရ မြင်းခွာရွက်သည် အရသာ ခါးသက်သက်ရှိ၏။ စပ်ရှားရှားရှိ၏။ ချို၏။ ထက်မြက်၏။ သလိပ်ကိုပယ်တတ်၏။ အရေပြား ရောဂါ၊ ယားနာအဖုအပိမ့်များ၊ အနာပေါက်ရောဂါနှင့် နူနာတို့ကို ပျောက်ကင်း စေနိုင်သည်။
မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ် သောက်သော် ခွန်အားတိုးတက်စေ၏။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ  ပျောက် ကင်းစေ သကဲ့သို့ မြင်းခွာ ရွက်ကို အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးခြင်းဖြင့် အဆစ် အဆက် တို့၌ ဖြစ်သော လေအဖု အကျိတ် များပျောက်ကင်း စေနိုင်သည်။ထို့အပြင် မြင်းခွာရွက်ကို အရည်ညှစ်၍ လက်ဖက် ရည်ဇွန်း အနည်းငယ် တစ်ဇွန်းခန့်တိုက်ပါက ကလေးငယ်များအအေးမိခြင်း၊ လေပြွန်ချောင်း ပူခြင်းပျောက်၏။ ဝမ်းသက်၍ သလိပ် ကိုလည်း ကျစေနိုင် သည်။

အရေပြား ရောဂါများအတွက် ၎င်း၏ အရွက်ညှစ်ရည်ဖြင့် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေခြင်း၊ ကိုယ်တွင် ရုတ်တရက် ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်း၌ ၎င်း၏ အရွက်ကိုကြိတ်၍ ရသောအရည်ဖြင့် လိမ်းကျံပေး က ပျောက် ကင်း၏။ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ဆီး၌ သွေးပါခြင်း တို့အတွက် မြင်း ခွာရွက် ဖျော် ရည်ပြု လုပ်သောက်က ပျောက်ကင်းစေနိုင်သည်။ မြင်းခွာရွက်ကို ငရုတ်ကောင်း၊ ပျားရည်တို့နှင့် စပ်၍ သောက်ပါက အသက် ရှည်၏။ အနာရော ဂါပျောက်ကင်းစေနိုင်သည်။
မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိ နာပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်သည့်အပြင် မြင်းခွာရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ရည် ခါးသဖွယ် သောက် သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေသည်။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင်ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း သို့မဟုတ် အရည်ညှစ် ၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာမျက်စိနာခြင်း၊ မျက်စိ ကျိန်းခြင်း များကို ပျောက်ကင်းစေ နိုင်သည်။

မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ကြောင်းကို စာဖတ်သူ ပရိသတ်များ သိရှိသုံးစွဲနိုင်စေ ရန်အတွက် မြင်းခွာ ရွက် အကြောင်း သိကောင်းစရာ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment