Saturday, December 8, 2012

တောင်ကြီးမြို့သံဃာ ဆန္ဒဖေါ်ထုတ်ပွဲမှာ မပါဝင်ပေမယ့် ဒကာနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူ

တောင်ကြီးမြို့သံဃာ ဆန္ဒဖေါ်ထုတ်ပွဲမှာ မပါဝင်ပေမယ့် ဒကာနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူ

8/12/2012

တောင်ကြီးမြို့မှာ နိုင်ငံ့အရေးနှင့် ပတ်သက်ပြီး စီတန်းလှည့်လည်တဲ့ သံဃာများရှိသလို လောကီအကြောင်း စိတ်မ၀င်စားပဲ ပြည်သူနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူနေကြတဲ့ သံဃာများလည်းရှိပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းနေကြာလမ်းမှာဖြစ်ပါတယ်။ ဘုရားဖြူရပ်ကွက်မှာ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းက ကြည်ညိုဖွယ်ရာ သံဃာတော်တွေပါ။ 

ဒေသခံ ပြည်သူတွေနဲ့အတူ ကြမ်းတမ်းနေတဲ့ ကျောက်ခင်း ဗြုံးလမ်းပေါ်ကို ဒေသခံပြည်သူများ သွားလာရအဆင်ပြေစေရန်နဲ့ သံဃာတော်များ ဆွမ်းခံ ကြွချီတဲ့အချိန်မှာ သက်တောင့်သက်သာ ရှိစေဖို့ဆိုပြီး ရပ်ကွက်နေပြည်သူ (၂၀) ဦးလောက်နဲ့ သံဃာတော် (၅)ပါးခန့်တို့ ကွန်ကရစ်လမ်း ပြုလုပ်နေတာဟာ မြင်ရသူ ရင်အေးစရာ ကျေနပ်စရာတွေပါ။

သံဃာတော်တွေကိုယ်တိုင် ပေါက်ပြား၊ ဂေါ်ပြားတွေကိုင်ပြီး ကွန်ကရစ်လမ်း ပြုလုပ်ဆောင်ရွက်နေကြတာရယ်၊ ရပ်ကွက်နေ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘယ်သူမှ ခိုင်းစေခြင်း အမိန့်ပေးခြင်း မရှိဘဲ တာဝန်သိစိတ်နဲ့ ကွန်ကရစ် လမ်းတည်ဆောက်ဖို့ ရေသယ်သူ၊ မြက်ရှင်းသူ၊ မဆလာသယ်ယူသူ၊ ဖျော်သူတွေနဲ့ တက်ညီလက်ညီ လုပ်ကိုင်နေကြတာကို မြင်တွေ့ရပါတယ်။

အလုပ်ကြမ်း မလုပ်နိုင်တဲ့ အဘိုးအဘွားအရွယ်တွေက ရေနွေးကြမ်း၊ သစ်သီး စတဲ့ စားစရာတွေနဲ့ ဧည့်ခံနေတာဟာလည်း မြင်ရသူအပေါင်းရဲ့ ရင်ကို အေးမြစေခဲ့ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ၀ိုင်းဝန်းကူညီလိုသူတွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့ ယူဆမိပါတယ်။ 

လမ်းခင်းရာမှာ ကုသိုလ်ယူလုပ်ကိုင်နေတဲ့ ဆရာတော်တစ်ပါးကို “အရှင်ဘုရားတို့ မနေ့က ဆန္ဒဖော်ထုတ်ပွဲမှာ မပါဘူးလား” လို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ “ဘုန်းကြီးတို့ သိတောင်မသိလိုက်ဘူး လောကီအကြောင်းတွေ စိတ်မ၀င်စားဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ 

ဇော်ပိုင်ရဲ့ မြင်ရသူ ရင်အေးလောက်တယ် သီချင်းကို ကြားရသူ ရင်အေးလောက်တယ်ဆိုပြီး ဖျက်ဆိုရမလိုပါပဲခင်ဗျာ ။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ တောင်ကြီးမြို့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဆရာတော်သံဃာတော်တွေရဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတာကို ဒေသခံ တိုင်းရင်းသားပြည်သူများရဲ့ ရင်ကို အေးမြစေလား ဆိုတာကိုတော့ ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ အဖြေကိုသာ စောင့်ကြည့်မှ ရပါတော့မယ်။တောင်ကြီးမြို့မှာ နိုင်ငံ့အရေးနှင့် ပတ်သက်ပြီး စီတန်းလှည့်လည်တဲ့ သံဃာများ ရှိသလို လောကီအကြောင်း စိတ်မ၀င်စားပဲ ပြည်သူနဲ့ပေါင်းပြီး လမ်းခင်း ကုသိုလ် ယူနေ ကြတဲ့ သံဃာများလည်းရှိပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းနေကြာ လမ်းမှာဖြစ် ပါ တယ်။ ဘုရားဖြူရပ်ကွက်မှာ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းက ကြည်ညိုဖွယ်ရာ သံဃာတော်တွေပါ။
ဒေသခံ ပြည်သူတွေနဲ့ အတူ ကြမ်းတမ်းနေတဲ့ ကျောက်ခင်း ဗြုံးလမ်းပေါ် ကို ဒေသ ခံပြည် သူများ သွားလာရအဆင်ပြေစေရန်နဲ့ သံဃာတော်များ ဆွမ်းခံ ကြွချီတဲ့အချိန်မှာ သက်တောင့်သက်သာ ရှိစေဖို့ဆိုပြီး ရပ်ကွက်နေပြည်သူ (၂၀) ဦးလောက်နဲ့ သံဃာတော် (၅)ပါးခန့်တို့ ကွန်ကရစ်လမ်း ပြုလုပ်နေတာဟာ မြင်ရသူ ရင်အေးစရာ ကျေနပ်စရာတွေပါ။

သံဃာတော်တွေကိုယ်တိုင် ပေါက်ပြား၊ ဂေါ်ပြားတွေကိုင်ပြီး ကွန်ကရစ်လမ်း ပြုလုပ်ဆောင်ရွက်နေကြတာရယ်၊ ရပ်ကွက်နေ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘယ်သူမှ ခိုင်းစေခြင်း အမိန့်ပေးခြင်း မရှိဘဲ တာဝန်သိစိတ်နဲ့ ကွန်ကရစ် လမ်းတည်ဆောက် ဖို့ ရေသယ်သူ၊ မြက်ရှင်းသူ၊ မဆလာသယ်ယူသူ၊ ဖျော်သူတွေနဲ့ တက်ညီလက်ညီ လုပ်ကိုင်နေကြ တာကို မြင်တွေ့ ရပါတယ်။

အလုပ်ကြမ်း မလုပ်နိုင်တဲ့ အဘိုးအဘွားအရွယ်တွေက ရေနွေးကြမ်း၊ သစ်သီး စတဲ့ စားစရာတွေနဲ့ ဧည့်ခံနေတာ ဟာလည်း မြင်ရသူအပေါင်းရဲ့ ရင်ကို အေးမြစေခဲ့ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ၀ိုင်းဝန်း ကူညီလိုသူတွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့ ယူဆမိပါတယ်။

လမ်းခင်းရာမှာ ကုသိုလ်ယူလုပ်ကိုင်နေတဲ့ ဆရာတော်တစ်ပါးကို “အရှင်ဘုရားတို့ မနေ့က ဆန္ဒဖော်ထုတ်ပွဲမှာ မပါဘူးလား” လို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ “ဘုန်းကြီးတို့ သိတောင်မသိလိုက်ဘူး လောကီအကြောင်းတွေ စိတ်မ၀င်စားဘူး” လို့ မိန့်ကြားခဲ့ပါတယ်။

ဇော်ပိုင်ရဲ့ မြင်ရသူ ရင်အေးလောက်တယ် သီချင်းကို ကြားရသူ ရင်အေးလောက်တယ်ဆိုပြီး ဖျက်ဆိုရမလိုပါပဲခင်ဗျာ ။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ တောင်ကြီးမြို့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး စီတန်း လှည့်လည် ဆန္ဒဖော် ထုတ်ခဲ့တဲ့ ဆရာတော်သံဃာတော်တွေရဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတာကို ဒေသခံ တိုင်းရင်းသားပြည်သူများရဲ့ ရင်ကို အေးမြစေလား ဆိုတာကိုတော့ ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ အဖြေ ကိုသာ စောင့်ကြည့်မှ ရပါတော့မယ်။
 

No comments:

Post a Comment