Thursday, December 13, 2012

မော်လမြိုင်မြို့၊ ဂဏ၀ါစကသံဃာ့ကွန်ယက်အဖွဲ့မှဦးဆောင်၍ လက်ပန်းတောင်းတောင်အတွင်း ဒဏ်ရရှိခဲ့သော သံဃာတော်များအား ကျပ်သိန်း ၆၁ သိန်းလှူဒါန်း

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြို ခွင်းခံရခြင်းနဲ့  ပက်သက်၍ ဒဏ်ရာရရှိ ခဲ့သောသံဃာတော်များကို၁၂-၁၂-၂၀၁၂ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊  ဂဏ၀ါစကသံဃာ့ကွန်ယက်အဖွဲ့မှ  ဦးဆောင်၍ ကျပ်သိန်း( ခြောက်ဆယ့်တစ်သိန်းခြောက်သောင်း)
 လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
 မော်လမြိုင်မြို့ စာသင်တိုက် အသီးသီး သံဃာတော်အရှင်သူမြတ်များမှ လက်ပံတောင်းတောင် ဒဏ်ရာရကျန်းမာရေးစောင့်ရှောက်ရေးအကျိုးဆောင်သံဃာ (၁၂)ပါးအား တစ်ပါးလျှင် ၁၅၀၀၀ကျပ် လှူဒါန်းကြပြီး ၊ ဂိလာနသံဃာ (၃၂)ပါးအား တပါးလျှင် ၂၀၀၀၀ကျပ် ၊ ဂိလာနနုပဋ္ဌကသံဃာ  (၆၈)ပါးအား တစ်ပါးလျှင် (၅၀၀၀)ကျပ်၊ စုစုပေါင်း (၁၁၆၀၀၀၀) ကျပ်၊ရရှိခဲ့သည်သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သို့ ကျပ်သိန်း (၅၀) ၊ အလုံးစုံ စုစုပေါင်း (ခြောက်ဆယ့်တစ် သိန်းခြောက်သောင်း) လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

 
From : shwemyanmar

No comments:

Post a Comment