Thursday, December 13, 2012

စစ်တောင်းတံတားများ ကျဉ်းမြောင်းမှုကြောင့် ခရီးသည်များ အချိန်နှောင့်နှဲမှုကြုံနေရဆဲ

စစ်တောင်းတံတားသစ်နှင့် တံတားဟောင်း သွားရာ လမ်းဆုံတွင်  လမ်းများကျဉ်းမြောင်းမှုကြောင့်  မော်တော်ယာဉ်နှင့် ခရီးသည်များ အချိန်နှောင့်နှဲမှု ကြုံနေရဆဲဖြစ် သည်ဟု သိရသည်။
 နိုင်ငံတော်၏ ၀င်ငွေများဆုံးရှုံးမှု မရှိစေရန်အတွက်  နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနMobile Teamအဖွဲ့က တာဝန်ရှိသူများသည်   ပဲခူးတိုင်းဒေသကြီး  ဝေါမြို့နယ်၊စစ်တောင်းတွတားသစ်နှင့် တံတားဟောင်းသွားရာ လမ်းဆုံတွင်  မော်တော်ယာဉ် များအားစစ်ဆေး၍ တရားမ၀င်တင်သွင်းလာသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို  ၁၀-၁၂-၂၀၁၂ ရက်နေ့ မွန်းလွဲ ၃း၂၅ ချိန်ကမြင်ကွင်းကို ခရီးသွားရင်းတွေ့ရှိရသည်။

နိုင်ငံတော်အတွက် ဆောင်ရွက်သည်ဆိုသော်လည်း ခရီးသွားများအနေဖြင့် ယင်းနေရာက နေခင်းပိုင်းတွင် ထွက်ခွာနိုင်ရန် အနည်းဆုံး (၂)နာရီနီးပါးခန့် စောင့်ဆိုင်းကြရပြီး ညပိုင်းတွင် (၅)နာရီခန့်စောင့်ဆိုင်းကြရသဖြင့် အချိန်နှောင့်နှေးကြရကြောင်းကို သုံးဆယ်ကနေ ကျိုက်ထီးရိုးဘုရားဖူးပြီး ပြန်လာတဲ့ ကိုဝင်းထွန်းမင်းကရွှေမြန်မာမီဒီယာဂရုသို့  ပြောဆိုပါတယ်။

 သိမ်ဇရပ်က ဝေါမြို့ကို အလုပ်ကိစ္စဖြင့်သွားသူ မခင်ဝင်းဆိုသူကတော့ ဒီလမ်းက ကျဉ်းလည်းကျည်းတော့ ကားကြီးတွေ သွားလာရတာ ဒုက္ခရောက်ကြရတာပေါ့ ကျွန်မဆို အလုပ်တစ်ခုအတွက်ချိန်းထားတာ အခုဆိုရင် (၁)နာရီလောက်နောက်ကြ သွားပြီလို့ပြောပါတယ်။

အရင်တုန်းကဆိုရင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများကို မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် ကျေးရွာအနီးရှိ  မရမ်းချောင်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် စနစ်တကျစစ်ဆေးမှုကြောင်း ယာဉ်ကြောပိတ်ဆို့ ခြင်းမရှိခဲ့ သဖြင့်၊ဒေသခံများနှင့် မော်တော်ယာဉ်လိုင်းများကလည်း စနစ်တကျဖြစ်စေလိုကြောင်း မွန်ပြည်နယ်၏ ခရီးသွားလိုင်းကြီးဖြစ်သော ရာဇမင်းမော်တော် ယာဉ်နှင့် ရွှေအိုးစည် ဘုရားဖူးယာဉ်တို့ကလည်း ပြောကြားကြသည်။


ဆက်လက်စုံစမ်းရာတွင် MobileTeamအဖွဲ့က တားဆီးစစ်ဆေးမှုကြောင့်မြ၀တီ ကုန်သွယ်ရေး ဇုန်၌ တရားဝင်ကုန် သွယ်မှုပမာဏ အထူးမြင့်တက် လာကြောင်း အဆိုပါကုန်သွယ်ရေးဇုန်၏ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှုး ဦးမြင့်ရှိန်က ပြောသည်။

“ဧပြီလတုန်းကဆိုရင်တစ်လလုံးရဲ့ကုန်သွယ်မှု ပမာဏဒေါ်လာ၎သန်း ပဲရှိပါတယ်၊

အခု နိုဝင်ဘာလချုပ်စာရင်းအရဒေါ်လာ၂၉သန်းခန့်ရှိနေပါပြီ၊ Mobile Team အဖွဲ့ကကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် မှာတားဆီးစစ်ဆေးနေလို့ပါပဲ” ဟု၎င်းကပြောသည်။

ကုန်သည် တွေက အမှန်တကယ်တင်းသွင်းသည့် သွင်းကုန်နှင့်ပို့ကုန်ပဏပိုမိုတိုးတက် လာခြင်း ကြောင့်ဖြစ်ပြီး နေ့စဉ်သွင်းကုန်လိုင်စင်အသစ်ပြုလုပ်မှုများရှိနေကြောင်း၊အကောက်ခွန် စည်းမျည်း များအတိုင်း အခွန်ဆောင်ကုန်သွယ်ခြင်းဖြစ်သောကြောင့် နိုင်ငံတော်အခွန်ရရှိမှုလည်းတိုး တက်လာရ ကြောင်း၎င်းကဆက်ပြောသည်။


မြ၀တီကုန်သွယ်ရေးဇုန်တွင်Mobile Teamအဖွဲ့တားဆီးစစ်ဆေးမှုကြောင့်တရားဝင်ကုန် သွယ်မှုပမာဏ အထူးမြင့်တက်လာဟုဆိုဝေါမြို့နယ် -ဒီဇင်ဘာ၁၀ရက်၊Mobile Teamအဖွဲ့ကတားဆီးစစ်ဆေး မှုကြောင့်မြ၀တီကုန်သွယ်ရေးဇုန်၌တရားဝင်ကုန်သွယ်မှုပမာဏ အထူးမြင့်တက်လာကြောင်း အဆိုပါ ကုန်သွယ်ရေးဇုန်၏နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှုး ဦးမြင့်ရှိန်ကပြောသည်။

“ဧပြီလတုန်းကဆိုရင်တစ်လလုံးရဲ့ကုန်သွယ်မှုပမာဏဒေါ်လာ၎သန်းပဲရှိပါတယ်၊ အခုနိုဝင်ဘာလချုပ် စာရင်းအရဒေါ်လာ၂၉သန်းခန့်ရှိနေပါပြီ၊ Mobile Team အဖွဲ့ကကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် မှာတားဆီးစစ်ဆေးနေလို့ပါပဲ” ဟု၎င်း ကရွှေမြန်မာမီဒီယာဂရုပြောသည်။

ကုန်သည်တွေကအမှန်တကယ် တင်းသွင်းသည့်သွင်းကုန်နှင့်ပို့ကုန်ပဏပိုမို တိုးတက် လာခြင်းကြောင့်ဖြစ်ပြီးနေ့စဉ်သွင်းကုန်လိုင်စင်အသစ်ပြုလုပ်မှုများ ရှိနေကြောင်း၊ အကောက်ခွန် စည်းမျည်းများအတိုင်းအခွန်ဆောင်ရ်ျကုန်သွယ်ခြင်းဖြစ်သောကြောင့်  နိုင်ငံတော်အခွန်ရရှိမှုလည်းတိုး တက်လာရ ကြောင်း၎င်းကဆက်ပြောသည်။


From :  ရွှေမြန်မာမီဒီယာဂရု

No comments:

Post a Comment