နှစ်စဉ်ကျင်းပမြဲဖြစ်သော ဒဂုံရွှေအောင်လံ
မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ ကြီး၏ ပထမနေ့
ကွာတားဖိုင်နယ်ပွဲစဉ်များကို သုဝဏ္ဏအမျိုးသား အားကစားရုံ (၁)တွင် ဒီဇင်ဘာလ၁၆
ရက်နေ့က ကျင်းပခဲ့ရာ အလဲထိုးပွဲများစွာဖြင့် ပရိသတ်အကြိုက် တွေ့ခဲ့ပြီးဖြစ်သည်။ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဆက်လက်
ကျင်းပမည်ဖြစ်ရာ ပထမတန်းတွင် ပြည်နယ်နှင့် တိုင်း ရွှေတံဆိပ်ရှင်
ဖိုးကေ(မြန်မာ)နှင့် ဘန်ကောက် လုပ္မနီချန်ပီယံ ဖန်ခွန်မက်(ထိုင်း) တို့ကလည်းကောင်း၊ ဒုတိယတန်း ဆီမီးဖိုင်နယ်ပွဲများအဖြစ်အာရှမွေ ရွှေတံဆိပ်ရှင် တူးတူး (နဂါးမာန်)နှင့် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ရှင် သပြေညို(ဘိလပ်မြေစက်ရုံ)၊ ဖိုးသားကြီး (မန္တလေး)နှင့် ရွှေ ခါးပတ်ချန်ပီယံ လုံးချောလေး(သထုံ)တို့ကလည်း ကောင်း၊ တတိယတန်း ဆီမီးဖိုင်နယ် ပွဲများတွင် အညရှမွေရွှေတံဆိပ်ရှင် ကညောဖိုး(ရွှေကုက္ကို)နှင့် ပြည်နယ်နှင့် တိုင်း ရွှေတံဆိပ်ရှင် ရဲမြင့်အောင် (အဖြူ ရောင်သွေးသစ်)၊ မြှားထက်အောင် (မြထက်ကျော်)နှင့် ရွှေခါးပတ်ချန်ပီယံနိုင်ဝင်း (ဘိလပ်မြေ စက်ရုံ)တို့ကလည်းကောင်း အသီးသီး ယှဉ်ပြိုင်ထိုးသတ်ကြမည်ဟု သိရသည်။
အထူးပွဲအဖြစ် တာပေါနှင့် လာပေါ လူပုလေးနှစ်ဦးတို့၏ ပွဲကိုလည်း ထည့်သွင်းထားရာ အဆိုပါ လူပုလေး များဖြင့် မိတ်ဆက်ရေးသားရလျှင်တာပေါသည် အသက် ၂၈ နှစ်ရှိကာ ကရင်လူမျိုးဖြစ်ပြီးလှိုင်းဘွဲ့မြို့နယ်မှ
ဖြစ်သည်။
အရပ် သုံးပေနှင့် ခြောက်လက်မရှိသည်။
သူ၏ ပြိုင်ဘက် လာပေါမှာ ဖြူးဇာတိဖြစ်ပြီး အသက် ၂၉ နှစ်ရှိကာ မြန်မာလူမျိုးဖြစ်သည်။
အရပ်မှာ သုံးပေဆယ့်တစ်လက်မသာရှိသည်။
တာပေါသည် တံတောင် နှင့် ခေါင်းရိုက်ချက်များ အသုံးပြုထိုးသတ်လေ့ရှိပြီး လာပေါမှာ လက်သီး အားသန်သည်။
ထိုနှစ်ယောက်သည် နယ်စပ်မြို့များ၌ အကြိမ်ကြိမ်ထိုး သတ်ခဲ့သော်လည်း အရှုံးအနိုင်မပေါ် သဖြင့် ယခုဒဂုံရွှေအောင်လံပွဲကြီးတွင် အရှုံးအနိုင်ပေါ်ရန် ထိုးသတ်ကြမည်ဖြစ်သည်။
ပထမတန်း ဆီမီးဖိုင်နယ်တွင် ဖန်ခွန်မက်သည် လူကောင်သေးသော်လည်း ဘန်ကောက်အခြေစိုက် လက်ဝှေ့သမား ဖြစ်ကာ ချန်နယ်(၇)မှစီစဉ်သောလုပ္မနီ ချန်ပီယံဘွဲ့ကို ယခုနှစ်အတွက်ရရှိထားသည့် ၀ါရင့်လက်ဝှေ့ကျော်ဖြစ်ကာ အသက် ၃၃ နှစ်ရှိပြီဖြစ်သည်။
စိန်ဟဲဗီး
Myanmar Times
No comments:
Post a Comment