Friday, December 21, 2012

ကေအိုင်အေ သောင်းကျန်းသူထောင်သည့်မိုင်း ကုန်ရထားနင်းမိပျက်စီး

Photo: ကေအိုင်အေ သောင်းကျန်းသူထောင်သည့်မိုင်း ကုန်ရထားနင်းမိပျက်စီး
နေပြည်တော် ဒီဇင်ဘာ ၂၁
 ၂၁-၁၂-၂၀၁၂ ရက်နေ့ ၀၁၂၅ အချိန် မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော အမှတ်(၉၃၇) အဆန် ကုန်ရထားသည် မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊ နမ်္မားဘူတာမြောက်ဘက်(၂)မိုင်ခန့် အကွာ နမ္မားဘူတာနှင့် မြို့သစ်ကလေးဘူတာအကြား မိုင်တိုင်အမှတ်(၆၄၃-၂၂/၂၃)ကြားအရောက် ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲ မှုကြောင့် တွဲ(၁၁)တွဲအနက် စက်ခေါင်းတွဲမှန်ကွဲ၍ စက်ခေါင်းမောင်းနားနေတွဲနှင့် ကုန်တွဲ(၃)တွဲယာဘက် သို့ တွဲချော်၍ လဲကျခဲ့ပြီး ကုန်တွဲ(၁)တွဲမှ ၄၅ ဒီကရီတိမ်းစောင်းသွားခဲ့သည်။
 သတင်းရလျှင်ရခြင်း နမ္မားရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ အခင်းဖြစ်အရပ်သို့ ထွက်ခွာခဲ့ရာ ၀၃၀၀ အချိန်ရောက်ရှိခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း ဦးကျော်မြင့်(၄၅)နှစ်တွင် ယာဘက်မျက်လုံး ထိမှန်ဒဏ်ရာ၊ လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်း (၂၈)နှစ်တွင် ယာဘက်မျက်လုံး မှန်စထိမှန်ဒဏ်ရာ၊ အကူစက်ခေါင်းမောင်း နေလင်းထွန်း(၃၄)နှစ်တွင် မျက်နှာ မှန်စထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိုးညှင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သတင်းရရှိသည်။
၂၁-၁၂-၂၀၁၂ ရက်နေ့ ၀၁၂၅ အချိန် မြို့ဟောင်းဘူတာမှ မြစ်ကြီး နားသို့ ထွက်ခွာလာသော အမှတ်(၉၃၇) အဆန် ကုန်ရထားသည် မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊ နမ်္မားဘူတာမြောက်ဘက်(၂)မိုင်ခန့် အကွာ နမ္မားဘူတာနှင့် မြို့သစ်ကလေးဘူတာအကြား မိုင်တိုင် အမှတ်(၆၄၃-၂၂/၂၃)ကြား အရောက် ကေအိုင်အေသောင်း ကျန်း သူများထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲ မှုကြောင့် တွဲ(၁၁)တွဲအနက် စက်ခေါင်းတွဲမှန်ကွဲ၍ စက်ခေါင်းမောင်း နားနေတွဲနှင့် ကုန်တွဲ(၃)တွဲယာဘက်သို့ တွဲချော်၍ လဲကျခဲ့ပြီး ကုန်တွဲ(၁)တွဲမှ ၄၅ ဒီကရီတိမ်းစောင်း သွား ခဲ့သည်။
သတင်းရလျှင်ရခြင်း နမ္မားရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ အခင်းဖြစ် အရပ်သို့ ထွက်ခွာခဲ့ရာ ၀၃၀၀ အချိန်ရောက်ရှိခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်းမောင်း ဦးကျော်မြင့်(၄၅)နှစ်တွင် ယာဘက်မျက်လုံး ထိမှန်ဒဏ်ရာ၊ လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်း (၂၈)နှစ်တွင် ယာဘက်မျက်လုံး မှန်စထိမှန်ဒဏ်ရာ၊ အကူစက်ခေါင်းမောင်း နေလင်းထွန်း(၃၄)နှစ်တွင် မျက်နှာ မှန်စထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိုးညှင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment