Thursday, December 27, 2012

လက်ပံတောင်း ကနဦးအစီရင်ခံစာ ၂ ပတ်အတွင်း ထွက်မည်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်ကျင်သိပ္ပံကို တာဝန်ပေးထားကြောင်း၊ ဂေဟဗဒစနစ် ကျွမ်းကျင်သူ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံ၊ မြေလွှာနှင့် ရေဆိုင်ရာ ကျွမ်းကျင်သူ၊ လေထု စံညွှန်းဆိုင်ရာ ကျွမ်းကျင်သူ၊ ယဉ်ကျေးမှု အလေ့အထဆိုင်ရာ ကျွမ်းကျင်သူ စသည့် ပညာရှင် ၁၂ ဦးဖြင့် လုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အဆိုပါအဖွဲ့က ကနဦးအစီရင်ခံစာကို ၂ ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
from -ဧရာဝတီ

No comments:

Post a Comment