Saturday, December 15, 2012

ကျောက်ကြီး မြို့နယ် နတ်သံကွင်းဈေး မီးလောင် တန်ဖိုးငွေ ကျပ် ၁ဝ သိန်းဖိုးခန့် ဆုံးရှုံး

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဈေး ၌ ဒီဇင်ဘာ ၁ဝ ရက် ညနေ ၇ နာရီ မိနစ် ၅ဝ က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
၁ဝ၈ သိန်းခန့် ပျက်စီး ဆုံးရှုံး ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ကြီး မြို့နယ် နတ်သံကွင်း ဈေး၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောနောင်နှင့် အဖွဲ့မှ သွားရောက် စစ်ဆေးရာ နတ်သံကွင်း ဈေးအတွင်း မီးလောင်မှု ဖြစ်ပွားနေပြီး ကျောက်ကြီး မြို့နယ် မီးသတ်ဦးစီး ဌာနမှ မီးသတ်ယာဉ် တစ်စီး၊ ဖြူးမြို့နယ်မှ မီးသတ်ယာဉ် တစ်စီး၊ ကညွတ်ကွင်း မြို့မှ မီးသတ်ယာဉ် နှစ်စီး၊ ပဲနွယ်ကုန်းမှ မီးသတ်ယာဉ် တစ်စီး၊ ကျောက်တံ ခါးမြို့မှ မီးသတ်ယာဉ် တစ်စီး၊ စုစုပေါင်း မီးသတ်ယာဉ် ခြောက်စီး၊ ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ လုပ်သား ပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ် ခဲ့ကြသဖြင့် ညနေ ၉ နာရီ ၁၅ မိနစ်တွင် မီး ညွန့်ကျိုး ငြှိမ်းသတ် နိုင်ခဲ့သည်။ မီးလောင် မှုကြောင့် အလျား ၉ ပေ၊ အနံ ၈ ပေ၊ အုတ်ကာ၊ သွပ်မိုး၊ မြေစိုက်ဆိုင်ခန်း ၂၉ ခန်း၊ မီးလောင်ပျက်စီးခဲ့ကာ တန်ဖိုး ငွေကျပ်

မီးလောင်မှုနှင့် ပတ်သက်၍ မည်သည့် ဆိုင်ခန်းမှ မီးစတင် လောင်ကျွမ်းကြောင်း စုံစမ်း ဖော်ထုတ် အရေးယူ ပေးပါရန် မြို့နယ် မီးသတ် ဦးစီးမှူး ဦးစောနောင်က တရားလို ပြုလုပ်တိုင်တန်း သဖြင့် နတ်သံကွင်း ရဲစခန်း(ပ)၃၂/ ၂ဝ၁၂၊ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/crimenews/item/1876-2012-12-15-10-10-47
 
From : မြ၀တီ

No comments:

Post a Comment