Saturday, December 15, 2012

ဖုန်းရောင်းမည့်နေရာ ကြိုတင်အသိပေးမည်

ဖုန်းရောင်းမည့်နေရာ ကြိုတင်အသိပေးမည်


Saturday, 15 December 2012
(၈.၁၂.၂၀၁၂) ရက်ပြုလုပ် ခဲ့သော ဆက်သွယ်ရေးလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ မိုဘိုင်းတယ် လီဖုန်းများ ဈေးနှုန်းထပ်မံလျှော့ ချပြီး ရောင်းချရာတွင် ပြည်သူများ ၀ယ်ယူရာ၌ တစ်နေရာတည်း အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေး အတွက်လိုအပ်ကြောင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး
သိန်းထွန်း က ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ၎င်းက ‘SEA GAME ပြိုင်ပွဲ၌လိုအပ်လာ မည်ဖြစ်သော ဆက်သွယ်ရေးဝန် ဆောင်မှုကို ကြိုတင်မှန်းဆပြီး ဝေဇယန္တာလမ်းမကြီးတစ်လျှောက် ရှိစည်ပင်ရေပိုက်လမ်းကြောင်းတွင် ဖိုင်ဘာကေဘယ်များခင်းက သုဝဏ္ဏကွင်းနှင့် ရန်ကုန်မြို့ပတ် ၀န်းကျင်ဆက်သွယ်ရေးအရည် အသွေးမြှင့်တင်ကြိုတင်ဆောင် ရွက်ရန်လိုကြောင်း၊ မိုဘိုင်းဖုန်းဈေး နှုန်းလျှော့ချရေးအတွက်အခြေခံ အဆောက်အအုံနှင့် ဆက်သွယ် ရေးကွန်ရက်စရိတ်များကို အတတ် နိုင်ဆုံးလျှော့ချရန်လိုကြောင်း၊ ၀ယ်ယူသူများလိုလားချက်နှင့် သိရှိလိုသည်များဖြေရှင်းပေးနိုင် မည့်ဝန်ဆောင်မှုများပြင်ဆင်ထား ရန်လိုကြောင်း၊ ရောင်းချဖွင့်လှစ် မည့်နေရာများကို ကြိုတင်အသိ ပေးထားရန်လိုကြောင့်”တို့ကို လည်းဆက်လက်မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် (၂၀၁၀) ခုနှစ်က (၅) သိန်းတန် မိုဘိုင်းဖုန်း များရောင်းချပေးပြီးနောက် (၂၀၁၂) ခုနှစ်မှာလည်း (၂) သိန်း တန် GSM နှင့် (၂) သိန်းခွဲတန်WCDMAမိုဘိုင်းဖုန်းများကိုလည်း ရောင်းချပေးခဲ့သည်။ အဆိုပှြှါ ဖုန်းများရောင်းချစဉ်ဝယ်လို အားများခဲ့သောကြောင့် ပြည်ပ ဖုန်းဆိုင်များတွင် ဈေးကြီးပေးဝယ် ခဲ့ရသည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်း များရောင်းချပါက မူရင်းဈေး အတိုင်းလွတ်လပ်စွာဝယ်ယူနိုင်မည် ဆိုင်များ အများအပြားဖွင့်ပေးမည့် အစီအစဉ်ကိုပြည်သူအများစုလို လားလျက်ကြောင်း သိရသည်။

ရန်ကျော်
(၈.၁၂.၂၀၁၂) ရက်ပြုလုပ် ခဲ့သော ဆက်သွယ်ရေးလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ မိုဘိုင်းတယ် လီဖုန်းများ ဈေးနှုန်းထပ်မံလျှော့ ချပြီး ရောင်းချရာတွင် ပြည်သူများ ၀ယ်ယူရာ၌ တစ်နေရာတည်း အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေး အတွက်လိုအပ်ကြောင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း က ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ ၎င်းက ‘SEA GAME ပြိုင်ပွဲ၌လိုအပ်လာ မည်ဖြစ်သော ဆက်သွယ်ရေးဝန် ဆောင်မှုကို ကြိုတင်မှန်းဆပြီး ဝေဇယန္တာလမ်းမကြီးတစ်လျှောက် ရှိစည်ပင်ရေပိုက်လမ်းကြောင်းတွင် ဖိုင်ဘာကေဘယ်များခင်းက သုဝဏ္ဏကွင်းနှင့် ရန်ကုန်မြို့ပတ် ၀န်းကျင်ဆက်သွယ်ရေးအရည် အသွေးမြှင့်တင်ကြိုတင်ဆောင် ရွက်ရန်လိုကြောင်း၊ မိုဘိုင်းဖုန်းဈေး နှုန်းလျှော့ချရေးအတွက်အခြေခံ အဆောက်အအုံနှင့် ဆက်သွယ် ရေးကွန်ရက်စရိတ်များကို အတတ် နိုင်ဆုံးလျှော့ချရန်လိုကြောင်း၊ ၀ယ်ယူသူများလိုလားချက်နှင့် သိရှိလိုသည်များဖြေရှင်းပေးနိုင် မည့်ဝန်ဆောင်မှုများပြင်ဆင်ထား ရန်လိုကြောင်း၊ ရောင်းချဖွင့်လှစ် မည့်နေရာများကို ကြိုတင် အသိ ပေးထားရန်လိုကြောင့်”တို့ကို လည်းဆက်လက်မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် (၂၀၁၀) ခုနှစ်က (၅) သိန်းတန် မိုဘိုင်းဖုန်း များရောင်းချပေးပြီးနောက် (၂၀၁၂) ခုနှစ်မှာလည်း (၂) သိန်း တန် GSM နှင့် (၂) သိန်းခွဲတန်WCDMAမိုဘိုင်းဖုန်းများကိုလည်း ရောင်းချပေးခဲ့သည်။ အဆိုပှြှါ ဖုန်းများရောင်းချစဉ်ဝယ်လို အားများခဲ့သောကြောင့် ပြည်ပ ဖုန်းဆိုင်များတွင် ဈေးကြီးပေးဝယ် ခဲ့ရသည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်း များရောင်းချပါက မူရင်းဈေး အတိုင်းလွတ်လပ်စွာဝယ်ယူနိုင်မည် ဆိုင်များ အများအပြားဖွင့်ပေးမည့် အစီအစဉ်ကိုပြည်သူအများစုလို လားလျက်ကြောင်း သိရသည်။

From : Myanmar Online News

No comments:

Post a Comment