Friday, December 21, 2012

ချောင်းသာ ဟိုတယ်တွင် ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးတက်လာ

ချောင်းသာ ဟိုတယ်တွင် ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးတက်လာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စတင်ပြီး ချောင်းသာ ဟိုတယ်မှာ ခရီးသွား ဧည့်ဝင်ရောက်မှုတွေ ၂၀ ရာခိုင်နှုန်း နီးပါး
တိုးမြင့် လာတယ်လို့ ချောင်းသာ ဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ၀င်ရောက်ရာ မှာတော့ ကျေးရွာနဲ့ နီးတဲ့ ဟိုတယ်တွေမှာ ပြည်တွင်းမှ ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမို များပြားပြီး ပြည်ပ ခရီးသွားတွေ ကတော့ နည်းပါး နေတာ ဖြစ်ပါတယ်။
 
ဒီလို နည်းပါး ရတာ ကလည်း ပြည်ပ ခရီးသွားတွေဟာ ရွာတွေနဲ့ဝေးပြီး တိတ်ဆိတ်တဲ့ နေရာတွေမှာ တည်းခိုကြတာ ကြောင့်ဖြစ်ပါတယ်။ အခုလို ခရီးသွား ၀င်ရောက်မှုတွေ များပြား လာမှုဟာ ယခင်နှစ်က ထက်လည်း ပိုပိုများပြား လာတာ ဖြစ်ပါတယ်။ ဒီလို ချောင်းသာ ဟိုတယ်ဇုန်မှာ ခရီးသွား ၀င်ရောက်မှုတွေ မှာတော့ အပန်းဖြေ လာရောက်သူများ ပြားပြီး အခုလို ပွင့်လင်း ရာသီတွေမှာ ပိုမို ၀င်ရောက်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ချောင်းသာ ဟိုတယ်ဇုန်တွေ အတွင်း တရားဝင် လိုင်စင်ရ ဟိုတယ် ၁၅ လုံးနဲ့ တရားဝင် လိုင်စင်ရ တည်းခို ရိပ်သာ အလုံး ၄၀ ကျော်ရှိပြီး အခုအချိန်မှာ အေးတဲ့ရာသီဥတု ဖြစ်ပေမယ့်လည်း ခရီးသွား များပြားပြီး ဟိုတယ် အခန်းတွေ ပြည့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။Mrtv-4 shared a link.
ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စတင်ပြီး ချောင်းသာဟိုတယ်မှာ ခရီးသွားဧည့်ဝင်ရောက်မှုတွေ ၂၀ ရာခိုင်နှုန်းနီးပါးတိုးမြင့် လာတယ်လို့ ချောင်းသာ ဟိုတယ်ဇုန်မှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလိုဝင်ရောက်ရာ မှာတော့ ကျေးရွာနဲ့နီးတဲ့ ဟိုတယ်တွေမှာ ပြည်တွင်းမှ ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမို များပြားပြီး ပြည်ပ ခရီးသွားတွေ ကတော့ နည်းပါး နေတာ ဖြစ်ပါတယ်။

ဒီလို နည်းပါး ရတာ ကလည်း ပြည်ပ ခရီးသွားတွေဟာ ရွာတွေနဲ့ဝေးပြီး တိတ်ဆိတ်တဲ့ နေရာတွေမှာ တည်းခိုကြတာ ကြောင့်ဖြစ်ပါတယ်။ အခုလို ခရီးသွား ၀င်ရောက်မှုတွေ များပြား လာမှုဟာ ယခင်နှစ်က ထက်လည်း ပိုပိုများပြား လာတာ ဖြစ်ပါတယ်။ ဒီလို ချောင်းသာ ဟိုတယ်ဇုန်မှာ ခရီးသွားဝင်ရောက်မှုတွေ မှာတော့ အပန်းဖြေလာရောက်သူများပြားပြီး အခုလိုပွင့်လင်း ရာသီတွေမှာ ပိုမို ၀င်ရောက်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ချောင်းသာ ဟိုတယ်ဇုန်တွေအတွင်း တရားဝင်လိုင်စင်ရဟိုတယ် ၁၅ လုံးနဲ့ တရားဝင် လိုင်စင်ရ တည်းခိုရိပ်သာ အလုံး ၄၀ ကျော်ရှိပြီး အခုအချိန်မှာ အေးတဲ့ရာသီဥတု ဖြစ်ပေမယ့်လည်း ခရီးသွား များပြားပြီး ဟိုတယ် အခန်းတွေ ပြည့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
Mrtv-4 shared a link.

No comments:

Post a Comment