Friday, December 21, 2012

၂၀၁၂ခုနှစ်၊ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား အားTIME မဂ္ဂဇင်းက ဒုတိယ အကြိမ် အဖြစ် ရွေးချယ်

အမေရိကန် ပြည်ထောင်စု၏ သမ္မတ အဖြစ် ဒုတိယ အကြိမ် ပြန်လည်ရွေး ကောက် တင်မြှောက်ခံရသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားအား ၂၀၁၂ခုနှစ်အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ် အဖြစ် Time မဂ္ဂဇင်းက ဒီဇင်ဘာလ ၁၉ရက်တွင် ရွေးချယ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

 အိုဘားမားသည် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး လူမည်း သမ္မတအဖြစ် ရွေးချယ်ခံ ရပြီး ထိုအချိန်ကလည်း အရေးပါဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းတွင် ဖော်ပြထားခဲ့သည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေးကျဆင်း မှုများကြောင့် ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရ သော်လည်း အိုဘားမားသည် နိုင်ငံအား အဆိုပါ အကျပ်အတည်း များမှ ကျော်လွှား နိုင်စေရန် ကြိုးပမ်း ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် နိုဝင်ဘာလက ကျင်းပပြုလုပ် ခဲ့သော နိုင်ငံ၏ သမ္မတ ဒုတိယ သက်တမ်း ရွေးကောက် ပွဲတွင် ရီပတ်ဘလိကန် အမတ် မစ်ရွန်းကို အိုဘားမားက အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၂ခုနှစ် အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမားအား Time မဂ္ဂဇင်းက ဒုတိယ အကြိမ် ရွေးချယ် ခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/2467-2012-12-21-09-45-54
၂၀၁၂ခုနှစ်၊ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား အားTIME မဂ္ဂဇင်းက ဒုတိယ အကြိမ် အဖြစ် ရွေးချယ်အမေရိကန် ပြည်ထောင်စု ၏ သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေး ကောက် တင်မြှောက် ခံရသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားအား ၂၀၁၂ခုနှစ် အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ဒီဇင်ဘာလ ၁၉ရက်တွင် ရွေးချယ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။

အိုဘားမားသည် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး လူမည်းသမ္မတအဖြစ် ရွေးချယ်ခံရပြီး ထိုအချိန် ကလည်း အရေးပါဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းတွင် ဖော်ပြထားခဲ့သည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုများကြောင့် ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရ သော်လည်း အိုဘားမားသည် နိုင်ငံအား အဆိုပါ အကျပ်အတည်း များမှ ကျော်လွှား နိုင်စေရန် ကြိုးပမ်း ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် နိုဝင်ဘာလက ကျင်းပပြုလုပ် ခဲ့သော နိုင်ငံ၏ သမ္မတ ဒုတိယ သက်တမ်း ရွေးကောက် ပွဲတွင် ရီပတ်ဘလိကန် အမတ် မစ်ရွန်းကို အိုဘားမားက အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၂ခုနှစ် အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမားအား Time မဂ္ဂဇင်းက ဒုတိယ အကြိမ် ရွေးချယ် ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment