Sunday, December 9, 2012

တပ်မတော်ကာကွယ်ရေးဦးစီချုပ်က စစ်ရေးဆိုင်ရာသာမက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများ၌ ကျွမ်းဝင်သိရှိ နေအောင် လေ့လာရန် ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ ပြောကြား

စစ်ရေးဆိုင်ရာ လေ့လာအာရုံစိုက်မှုသာမက ဆက်နွှယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများတွင်ပါ ကျွမ်းဝင်သိရှိေ
နေအောင် ယခုကတည်း က လေ့လာသွားကြရန် ဒီဇင်ဘာလ ၇ ရက်က
ပြင်ဦးလွင်မြို့၌ ကျင်းပခဲ့သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း
အမှတ်စဉ်(၅၅) သင်တန်းဆင်းပွဲ အခမ်းအနားတွင် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ ၂၁ ရာစုခေတ်ကြီးတွင်

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစသည်တို့သည် တစ်ခုစီ၊ တစ်ခုစီ သီးခြားရပ်တည်မနေတော့ဘဲ တစ်ခုနှင့်တစ်ခုသည် အလွန်ကိုချိတ်ဆက် ယှက်နွှယ်နေကြကြောင်း၊ ကမ္ဘာပေါ်တွင် နေရာဒေသတစ်ခု၏ စီးပွားရေး ပြောင်းလဲဖြစ်ပေါ်မှုကြောင့် ကမ္ဘာ့အခြားနေရာများတွင် စီးပွားရေးသာမက နိုင်ငံရေး၊ စစ်ရေးအရပါ သက်ရောက်မှုများ

ဖြစ်ပေါ်လေ့ရှိကြောင်း၊ အလားတူပင် အင်အားကြီးနိုင်ငံအချို့၏

နိုင်ငံရေးအယူအဆ၊ အခင်းအကျင်း ပြောင်းလဲမှုကြောင့် အခြားနိုင်ငံ များ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးများအပေါ် သက်ရောက်မှုများလည်း

ဖြစ်လာတတ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့ ခေါင်းဆောင်ငယ်များအနေနှင့် စစ်ရေးဆိုင်ရာ လေ့လာအာရုံစိုက်မှုသာမက ဆက်နွှယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများတွင်ပါ ကျွမ်းဝင်

သိရှိနေအောင် ယခုကတည်းက လေ့လာသွားကြရန် မှာကြားလိုကြောင်း၊ သို့မှသာ အမိစစ်တက္ကသိုလ်၏ နောင်တစ်ခေတ်၏ အောင်စစ်သည်

ဆိုသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အတွက် အလေးထားရသည့် ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွန်းလာမည်

ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။


ထို့ပြင် နိုင်ငံတော်ကာကွယ်ရေး စွမ်းရည်မြင့်မားတိုးတက်လာစေရန် တပ်မတော်ကို ခေတ်မီတိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ရာမှာ

Standard Army အဖြစ် ရောက်ရှိအောင် မျော်မှန်းဆောင်ရွက်နေချိန်ဖြစ်၍ ရဲဘော်တို့အနေဖြင့်လည်း တပ်မတော်၏ တိုးတက်ပြောင်းလဲ ဆောင်ရွက်

နေမှုများနှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။


Eleven Media Group

ဓာတ်ပုံ - မြ၀တီ

No comments:

Post a Comment