Saturday, December 15, 2012

မြန်မာ့ လေကြောင်း ပြည်တွင်း ခရီးစဉ် များတွင် တိုးချဲ့ ပြေးဆွဲမည့် EMBRAER 190 ဘရာဇီး နိုင်ငံထုတ် လေယာဉ် သစ်ကြီး

ယနေ့ နိုင်ငံတော် အစိုးရသည် ပြည်သူက ရွေးချယ် တင်မြှောက်ထားသော အစိုးရ ဖြစ်သည် နှင့်အညီ ဒီမို ကရေစီစနစ်ကို အကောင်အထည် ဖော် ရာတွင် ပြည်သူ များ၏ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေး လျက်ရှိသည်။ ပြည်သူအများ စု၏ ဆန္ဒကို ဖြည့် ဆည်း ပေးရာတွင် လူမှုစီးပွားဘဝဖွံ့ဖြိုး စေရန် အခြေခံ အဆောက်အအုံ များ ကို ဖြည့် ဆည်း ဆောင်ရွက်ပေး
လျက် ရှိသည်။ ပြောင်းလဲ တိုးတက်လာသော ခေတ် စနစ်နှင့် အညီ  ပို့ဆောင်ရေး ကဏ္ဍကိုလည်း ပိုမို တိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိသည်။
ပို့ဆောင် ရေးဝန်ကြီးဌာနအနေဖြင့် ရေလမ်းကြောင်းနှင့် လေလမ်းကြောင်း များတွင် ပြည်တွင်းပြည်ပ ခရီး သွား ဧည့်သည်များကို အဆင်ပြေစွာလိုရာခရီးသို့ ရောက်ရှိစေရန် ဦးစားပေးဆောင်ရွက် လျက် ရှိရာတွင် မြန်မာ့လေကြောင်းကလည်း ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် လိုရာ ခရီးသို့ ရောက် ရှိနိုင်အောင် သက်တမ်းရင့် လေယာဉ်များ နေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်း ပြေးဆွဲရန် စီစဉ် ဆောင် ရွက်လျက် ရှိရာ ပထမ အစင်း EMBRAER  190 လေယာဉ် သစ်အား မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်း ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်က သွားရောက် လက်ခံပြီး ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေ ဆိပ်သို့ ရောက် ရှိခဲ့ သည်။
အဆိုပါ EMBRAER  190 လေယာဉ်ကို ဘရာဇီး နိုင်ငံ SAO  JOSE JOS  မြို့ရှိ EMBRAER  190 လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန် General Electric(GE) ကုမ္ပဏီမှ ငှားရမ်း ခဲ့သော လေယာဉ်သစ် ဖြစ်သည်။ ခရီးသည် ၁ဝဝ တင်ဆောင်နိုင်ပြီး လေယာဉ် အင်ဂျင် စွမ်းရည် ကောင်းမွန်သည်။ အမေရိကန် နိုင်ငံ GE ကုမ္ပဏီမှ ထုတ်လုပ်သော GE-CF ၊ 34-8E အင်ဂျင် စက်များကို တပ်ဆင်အသုံးပြုထားသဖြင့် ဈေးကွက်အသာစီး ရရှိခဲ့သည်။ ထို့အပြင် Air Bus-A 320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်း ထားသိုရန် နေရာ ကျယ်ဝန်းသဖြင့် အခြားသော Regional Jet ထက် သာလွန် ကောင်းမွန်ခြင်း၊ ထုတ် လုပ် ရောင်းချနေသည့် လေယာဉ်အပို ပစ္စည်းများမှ 90 % မှာ ယခု ရောက်ရှိမည့် EMBRAER  190 လေယာဉ် Models အမျိုးအစား များတွင် တပ်ဆင် အသုံးပြုနိုင်ခြင်း၊ လေယာဉ်အပို ပစ္စည်းများ ဈေးနှုန်း သက်သာခြင်း၊ လေယာဉ် ထိန်းသိမ်းစရိတ် သက်သာခြင်း၊ လေယာဉ် ပျံသန်းမှု သမိုင်း တစ်လျှောက်တွင် လေယာဉ် မတော်တဆ ထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့် အားသာချက် များကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လေကြောင်း လိုင်းများမှ မျက်စိကျ စိတ်ဝင်စားလာ ခဲ့ကြသည်။ ထို့ကြောင့် EMBRAER 190 လေယာဉ်များကို Republic Airways၊ Air China၊ Jet Blue Airways နှင့် Compass Air Lines စသည့် လေကြောင်း လိုင်းများမှ ပထမဆုံး  စတင်ဝယ်ယူ အသုံးပြုလာ ခဲ့ကြသည်။
မြန်မာ့လေကြောင်း အနေဖြင့် အဆိုပါ EMBRAER  190 ကုမ္ပဏီမှ ထုတ်လုပ်သည့် E-190 လေယာဉ်သစ် နှစ်စင်းကို အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်းရှိ  Fokker  F-28 လေယာဉ် ဆင်းသည့် လေဆိပ်များသို့ ပျံသန်း ပြေးဆွဲမည် ဖြစ်သည်။ မြန်မာ့ လေကြောင်းတွင် လက်ရှိ F-28, ATR, MA-60, Beach 1900 စသည့် လေယာဉ် လေးမျိုးနှင့်  ပျံသန်းပြေးဆွဲ နေခဲ့ရာ သက်တမ်းရင့် F-28 လေယာဉ်များမှာ သက်တမ်း ရင့်လာပြီး ဖြစ်သဖြင့် EMBRAER 190 လေယာဉ် သစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်ရန် လေယာဉ်သစ် များကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ EMBRAER 190 လေယာဉ် မောင်းနှင်နိုင်ရန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ FSI ကျောင်း၌ Simulator များတွင် လေယာဉ်မှူး များနှင့် အင်ဂျင်နီယာ များသည် တက်ရောက် သင်ကြားလျက် ရှိသည်။
ဒုတိယ အစင်း EMBRAER 190 လေယာဉ်သစ်အား မြန်မာ့လေကြောင်း အထွေထွေ မန်နေဂျာ ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်တွင် သွားရောက် လက်ခံပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ပထမ ပတ်တွင် ရန်ကုန်မြို့သို့ ခန့်မှန်း ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ 
မြန်မာ့ လေကြောင်းသည် မကြာတော့သည့် အချိန်ကာလ အတွင်းမှာပင်ပို့ဆောင်ရေး ဝန်ကြီး ဌာန၏ ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေတိုးတက် ဖြစ်ပေါ် နေမှုများ၊ မြန်မာ့ လေကြောင်းတာဝန် ရှိသူများ၊ ဝန်ထမ်းများ၏ စေတနာဝန်ဆောင်မှုများ၊ ဝန်ထမ်းများ၏ စေတနာဆန္ဒများနှင့် EMBRAER 190 လေယာဉ်သစ် နှစ်စင်း၏ စွမ်းဆောင်ရည် မြင့်မားမှုများ ပေါင်းစပ်ကာ နိုင်ငံတကာ လေကြောင်း လိုင်းများ အလယ်၌ ဂုဏ်ယူဝင့်ကြွား လာတော့မည် ဖြစ်ပါသည်။
from..မြ၀တီ

No comments:

Post a Comment