Saturday, December 8, 2012

အစ္စရေး F-16 စစ်လေယာဉ် အင်ဂျင်များ အခိုးခံရ

အစ္စရေး နိုင်ငံ အလယ်ပိုင်း လေတပ် အခြေစိုက် စစ်စခန်း တစ်ခုမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် F-16 စစ်လေယာဉ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော အမေရိကန်လုပ် အင်ဂျင် အများအပြား ခိုးယူခြင်း ခံခဲ့ရကြောင်း   စစ်ဘက်ဆိုင်ရာ သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ခိုးယူမှုနှင့် စပ်လျဉ်း၍ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဘက် သို့မ ဟုတ် အရပ်ဘက်ကြား ပူးပေါင်း လိမ်လည်မှု ဖြစ်နိုင်ဖွယ် ရှိသည်ဟု ၎င်းအဖွဲ့က စုံစမ်း တွေ့ရှိခဲ့ကြောင်း အစ္စရေး နိုင်ငံ၏ ဝေါလ်လာ အင်တာနက် ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းအင်ဂျင် များကို သံတိုသံစ အဖြစ် ရောင်းချရန် ခိုးယူခဲ့ဖွယ် ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆခဲ့ကြောင်း၊ ခိုးယူမှု ဖြစ်ပွားခဲ့သည့် အချိန်ကို တိတိကျကျ မသိရှိကြောင်း ၎င်းဝက်ဘ်ဆိုက်တွင် ဆက်လက် ဖော်ပြထားသည်။ 

အဆိုပါ ခိုးယူမှုနှင့် ပတ်သက်၍ ထင်မြင် သုံးသပ်ချက် ပေးရန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူက ငြင်းဆိုခဲ့ပြီး စုံစမ်း စစ်ဆေး မှုနှင့် ပတ်သက်သည့် အစီရင် ခံစာများကို စစ်ဘက်ဆိုင်ရာ ရှေ့နေထံသို့ ပေးပို့လိမ့်မည် ဖြစ်ကြောင်း တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယခင်နှစ်က တဲလ်အဗစ်မြို့ အနီးရှိ တဲလ်နော့ဖ် လေတပ် အခြေစိုက် စခန်းမှ F-15 နှင့် F-16 စစ်လေယာဉ် များ၏ အစိတ်အပိုင်း များကို သူခိုးများက ခိုးယူ ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံတို၊ သံစ အရောင်းအဝယ် သမားများ အသုံးပြုသည့် ဂိုဒေါင်များ အတွင်း၌ ရှာဖွေတွေ့ရှိ ခဲ့ ကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/global/item/1166-2012-12-08-10-26-22

မြ၀တီ

No comments:

Post a Comment