Wednesday, December 12, 2012

အကျဉ်းထောင်တွေထဲ ICRC ပြန်လည် ၀င်ရောက်စစ်ဆေးမယ်


အကျဉ်းထောင်တွေထဲ ICRC ပြန်လည် ၀င်ရောက်စစ်ဆေးမယ်
Wednesday, December 12, 2012 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ( ICRC) ဟာ မကြာခင်ကာလမှာ
မြန်မာနိုင်ငံက အကျဉ်းထောင်တွေ ကို တကြော့ပြန် ပြန်လည် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ ရတော့မှာဖြစ်ပါတယ်။ 

အခုလို ICRC ကို အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်ခွင့်ပြု
လိုက်ခြင်းဟာ ၂၀၁၁ ခုနှစ် မတ်လ ကုန်က သမ္မတ ဦးသိန်းစိန်ရဲ့
ပြုပြင်ပြောင်းလဲရေး အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ခွင့်ပြုတာဖြစ်ပြီး အမေရိကန် သမ္မ တ မစ္စတာ ဘားရက် အိုဘားမား မလာခင် နိုဝင်ဘာလ ကတည်း က ကြေငြာ ထားခဲ့တာလို့ AlertNet သတင်းတပုဒ်က ဆိုပါတယ်။

ဒါပေမယ့် ICRC က ပြောတာမှာတော့ အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်မည့်နေ့ရက် အတိအကျ ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။ 

ဒီအပြင် ICRC ဟာ ၁၉၈၀ ခုနှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံမှာ
မြေမြှုပ်မိုင်း ဒဏ်ကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူ တွေ အတွက် ခြေတု၊ လက်တုတွေကူညီပေးတာက အစ၊ ကျေးလက်ဒေသ၊ တိုင်းရင်းသား ပဋိပက္ခဒေသတွေမှာ ရှိတဲ့ ရေ နဲ့ တခြား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပိုင်း ICRC အနေနဲ့ မြန်မာအကျဉ်းထောင်တွေထဲ ၀င်ရောက်စစ်ဆေးခွင့်ကို ၁၉၉၉ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲပြီး အကျဉ်းထောင်ပေါင်း ၄၀ ကျော်နဲ့ ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်တို့မှာ အစိုးရက ထိန်း သိမ်းထားသူပေါင်း ၁ သိန်း လောက်ကို ICRC တာဝန်ရှိသူ တွေက သွားရောက် တွေ့ဆုံနှစ်သိမ့် မှုတွေနဲ့ အကျဉ်းထောင်ရဲ့ အစားအသောက်၊ ကျန်းမာရေး ကိစ္စတွေကို စစ်ဆေးမှုတွေ လုပ်လာခဲ့တာပါ။

ဒါပေမယ့် ICRC ကို ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး မြန်မာ စစ်အစိုးရက အကျဉ်းထောင်တွေထဲ ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ ICRC ဟာ အထူးသဖြင့် အကျဉ်းသား
တွေရဲ့ မိသားစုတွေနဲ့ အဆက် အသွယ် လုပ်ပေးတဲ့ ကိစ္စတွေ၊ စားသောက်နေထိုင်မှုတွေနဲ့ ကျန်းမာရေး ကိစ္စတွေကို အကူအညီပေးခဲ့တာပါ။

အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မိသားစုတွေရဲ့
ထောင်ဝင်စာသွားရောက်တွေ့နိုင်ဖို့ လမ်းစာရိတ် ကူညီ ပေး တာ၊ စာအုပ် စာတမ်း နဲ့ အားကစား ပစ္စည်းတွေ လှူဒါန်းတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ အခြေစိုက် ICRC အဖွဲ့ကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပေါင်းအပါတွေကို ထောင်သွင်း အကျဉ်းချပြီးနောက်ပိုင်း ၂၀၀၅ နှစ်
ကုန်ပိုင်းလောက်က စပြီး အကျဉ်းထောင်တွေထဲ ၀င်ရောက်မယ်ဆိုရင်
မြန်မာ စစ်အစိုးရ ကျော ထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေး
အဖွဲ့ဝင်တွေနဲ့ အတူ သွားမှသာ ၀င်ရောက်ခွင့်ပြုမယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။ 

ICRC အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ အဖွဲ့ရဲ့ ဘက်မလိုက် မူဝါဒနဲ့အညီ အကျဉ်းသား တဦးချင်းစီကို လွတ်လပ် စွာ တွေ့ဆုံခွင့်နဲ့
နှစ်သိမ့်အားပေးခြင်းတွေကို လုပ်ဆောင်လေ့ရှိတာကြောင့် အဲဒီနောက်ပိုင်း အကျဉ်းထောင်တွေထဲကို ၇ လောက်ကြာအောင် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ မရခဲ့ပါဘူး။ 

ICRC အနေနဲ့ လက်ရှိအခြေအနေမှာ ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးနေပြီး အထူးသဖြင့် ရခိုင်ဒေသမှာ ကူညီပေးမှုတွေလုပ်ဆောင်နေ ပါတယ်။ 

ဧရာဝတီ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ( ICRC) ဟာ မကြာခင်ကာလမှာ
မြန်မာနိုင်ငံက အကျဉ်းထောင်တွေ ကို တကြော့ပြန် ပြန်လည် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ ရတော့မှာဖြစ်ပါတယ်။
အခုလို ICRC ကို အကျဉ်းထောင်တွေထဲ   ပြန်လည် ၀င်ရောက်ခွင့်ပြု
လိုက်ခြင်းဟာ ၂၀၁၁ ခုနှစ် မတ်လ ကုန်က       သမ္မတ ဦးသိန်းစိန်ရဲ့
ပြုပြင်ပြောင်း လဲရေး အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး ပြန် လည် ခွင့်ပြု တာဖြစ်ပြီး အမေရိကန် သမ္မ တ မစ္စတာ ဘားရက် အိုဘားမား မလာခင် နိုဝင်ဘာလ ကတည်း က ကြေငြာ ထားခဲ့တာလို့ AlertNet သတင်းတပုဒ်က ဆိုပါတယ်။

ဒါပေမယ့် ICRC က ပြောတာမှာတော့ အကျဉ်းထောင်တွေထဲ ပြန်လည် ၀င်ရောက်မည့်နေ့ရက် အတိအကျ ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

ဒီအပြင် ICRC ဟာ ၁၉၈၀ ခုနှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံမှာမြေမြှုပ်မိုင်း ဒဏ်ကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူ တွေ အတွက် ခြေတု၊ လက်တုတွေကူညီပေးတာက အစ၊ ကျေးလက်ဒေသ၊ တိုင်းရင်းသား ပဋိပက္ခဒေသတွေမှာ ရှိတဲ့ ရေ နဲ့ တခြား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပိုင်း ICRC အနေနဲ့ မြန်မာအကျဉ်းထောင်တွေထဲ ၀င်ရောက်စစ်ဆေးခွင့်ကို ၁၉၉၉ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲပြီး အကျဉ်းထောင်ပေါင်း ၄၀ ကျော်နဲ့ ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်တို့မှာ အစိုးရက ထိန်း သိမ်းထားသူပေါင်း ၁ သိန်း လောက်ကို ICRC တာဝန်ရှိသူ တွေက သွားရောက် တွေ့ဆုံနှစ်သိမ့် မှုတွေနဲ့ အကျဉ်းထောင်ရဲ့ အစားအသောက်၊ ကျန်းမာရေး ကိစ္စတွေကို စစ်ဆေးမှုတွေ လုပ်လာခဲ့တာပါ။

ဒါပေမယ့် ICRC ကို ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး မြန်မာ စစ်အစိုးရက အကျဉ်းထောင်တွေထဲ ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေကို ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။ ICRC ဟာ အထူးသဖြင့် အကျဉ်းသား
တွေရဲ့ မိသားစုတွေနဲ့ အဆက် အသွယ် လုပ်ပေးတဲ့ ကိစ္စတွေ၊ စားသောက်နေထိုင်မှုတွေနဲ့ ကျန်းမာရေး ကိစ္စတွေကို အကူအညီပေးခဲ့တာပါ။

အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း မိသားစုတွေရဲ့ထောင်ဝင်စာသွားရောက်တွေ့နိုင်ဖို့ လမ်းစာရိတ် ကူညီ ပေး တာ၊ စာအုပ် စာတမ်း နဲ့ အားကစား ပစ္စည်းတွေ လှူဒါန်းတာ၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ အခြေစိုက် ICRC အဖွဲ့ကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပေါင်းအပါတွေကို ထောင်သွင်း အကျဉ်းချပြီးနောက်ပိုင်း ၂၀၀၅ နှစ်ကုန်ပိုင်းလောက်ကစပြီး အကျဉ်းထောင်တွေထဲ ၀င်ရောက်မယ်ဆိုရင်မြန်မာ စစ်အစိုးရ ကျော  ထောက်နောက်  ခံပြုထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေနဲ့ အတူ သွားမှသာ ၀င်ရောက်ခွင့်ပြု မယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက ဆိုခဲ့ပါတယ်။

ICRC အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့တဲ့အခါ အဖွဲ့ရဲ့ ဘက်မလိုက် မူဝါဒနဲ့အညီ အကျဉ်းသား တဦးချင်းစီကို လွတ်လပ် စွာ တွေ့ဆုံခွင့်နဲ့နှစ်သိမ့်အားပေးခြင်းတွေကို လုပ်ဆောင်လေ့ရှိတာကြောင့် အဲဒီနောက်ပိုင်း အကျဉ်းထောင်တွေထဲကို ၇ လောက်ကြာအောင် ၀င်ရောက် စစ်ဆေး ကူညီခွင့်တွေ မရခဲ့ပါဘူး။

ICRC အနေနဲ့ လက်ရှိအခြေအနေမှာ ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးနေပြီး အထူးသဖြင့် ရခိုင်ဒေသမှာ ကူညီပေးမှုတွေလုပ်ဆောင်နေ ပါတယ်။

ဧရာဝတီ

No comments:

Post a Comment