Sunday, 23 December 2012
KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး တောင်တက်ယာဉ်တစ်စီးမှ အတင်း အဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး KNU မှတာဝန်ရှိသူများအား တိုင်ကြားခဲ့သည့်အတွက် KNU အဖွဲ့ ကျိုက်ကော်မြို့ ဆက်ဆံရေးတာဝန်ခံအရာရှိအောင်သောင်းသိန်း နှင့်အဖွဲ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်
တောင်တက်မော်တောယာဉ်အသင်းရုံးကို ရောက်ရှိလာခဲ့ပြီး ကမ်းဘဲနှင့် အဖွဲ့ဝင်များလုပ်ရပ် ကို တောင်း ပန် ကြောင်းနှင့် ငွေ ၇ သိန်းကိစ္စကို ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် KNU တပ်မဟာ(၁)မှ တပ်ခွဲမှူး မောင်စိန်နှင့် ဒုတပ်ခွဲမှူး ဆာရိုးတို့နှစ်ဦးမှ ကင်ပွန်းစခန်းကိုရောက်ရှိလာခဲ့ပြီး ကျိုက်ထီးရိုး ဘုရားဂေါပက ဥက္ကဌ ဦးစံမြင့်နှင့်တောင် တက်မော်တော်ယာဉ်အသင်း ဥက္ကဌ ဦးဝိတင်တို့နှင့် တွေ့ဆုံပြီး ကမ်းဘဲတောင်းယူသွားသော ငွေ ၇ သိန်း ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့ပါသည်။
From Myanmar Online News
Not KNU this is DKBA chat
ReplyDeletethair bat