Friday, December 28, 2012

Photo: မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ  
Friday, 28 December 2012 

ယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလအတွင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်းများ၏
ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က 
ပြောသည်။

ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန်
ရသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။

ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ အကြောင်းကြား သွားမည်ဖြစ်ကြောင်း၊ ယခုအထိ မည်သူ တစ်ဦး
တစ်ယောက်ကိုမျှ တန်ဖိုးရော၊ ရောင်းမည့်အချိန်ကိုပါ မပြောရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆိုပါ မိုဘိုင်းဖုန်းများကို လာမည့် 
၂၀၁၃ ဇန်န၀ါရီအတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သည့်
နေ့ရက်တွင် ရောင်းချပေးမည် ဆိုသည်ကို သတင်းမထုတ်
ပြန်ရသေးကြောင်း ၎င်း၏ အဆိုအရ သိရသည်။

ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းနံပါတ်
ပြောင်းလဲခြင်းနှင့် ဂဏန်းအရေအတွက် ထပ်မံတိုးလာဖွယ် မရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

Eleven Media Groupယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလ အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်း များ၏ဈေးနှုန်းများနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိ အချိန် အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။

ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန် ရသေး ပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။

ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ အကြောင်းကြား သွားမည်ဖြစ်ကြောင်း၊ ယခုအထိ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ တန်ဖိုးရော၊ ရောင်း မည့်အချိန် ကိုပါ မပြောရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆိုပါ မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၃ ဇန်န၀ါရီ အတွင်း ရောင်း ချပေး သွားမည်ဖြစ်ပြီး မည်သည့်နေ့ရက်တွင် ရောင်းချပေးမည်ဆိုသည်ကို သတင်း မထုတ်ပြန် ရသေးကြောင်း ၎င်း၏ အဆိုအရ သိရသည်။
ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းနံပါတ်ပြောင်းလဲခြင်းနှင့် ဂဏန်း အရေ အတွက် ထပ်မံတိုးလာဖွယ် မရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment