Wednesday, January 2, 2013

အလက်ပို ပြည်နယ်တွင် တူရကီ တိုက်လေယာဉ်မှူး လေးဦးကို ဆီးရီးယား တပ်ဖွဲ့ဝင်များ ဖမ်းဆီး


ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အလက်ပိုပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာ လေဆိပ်အနီးတွင် တူရကီ တိုက် လေယာဉ်မှူး လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆီးရီးယား နေ့စဉ်သတင်းစာ AL Watan က ဒီဇင်ဘာ
၃၁ ရက်တွင် ဖော်ပြခဲ့သည်။
ဆီးရီးယားစစ်ဘက်ဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်သော Koerc လေဆိပ်မှ အစောင့်တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်အုပ်စုနှင့်အတူ လေဆိပ်အတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသော တူရကီလေယာဉ်မှူး များကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဖမ်းခံရသော တိုက်လေယာဉ်မှူး လေးဦးအား မည်ကဲ့သို့ စီရင်ချက်ချမည် ကို မသိရှိ သေးသော်လည်း ဆီးရီးယားပဋိပက္ခတွင် တူရကီ နိုင်ငံသည် အတိအလင်း ပါဝင်လျက် ရှိသည်ဟု အဆိုပါ သတင်းစာ က ဖော်ပြခဲ့သည်။
အလားတူပင် နိုင်ငံအလယ်ပိုင်းရှိ ဟွန်းစ်ပြည်နယ်၌ အစိုးရတပ်ဖွဲ့ဝင်များသည် အယ်လ်ရာစတန်မြို့ရှိ လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက် ချေမှုန်း နိုင်ခဲ့ကြောင်း သတင်းစာတွင်ဖော်ပြခဲ့သည်။ ထို့ပြင် ဒမတ်စကပ်စ် မြို့ရှိ ပါလက်စတိုင်းဒုက္ခသည်များ နေထိုင်ရာရာမောက်စခန်းတွင်လည်း အကြမ်းဖက်မှုများ  ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဆီးရီးယား တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃၁ ရက်တွင် နိုင်ငံ အဝန်းရှိ အရေးပါသော နေရာများကို အပြင်းအထန် တိုက်ခိုက် ခဲ့ကြကြောင်း သိရသည်။
From..မြ၀တီ

No comments:

Post a Comment