Wednesday, January 2, 2013

အဆုတ်ကင်ဆာ ကာကွယ်ဆေးသစ် တစ်မျိုး ကျူးဘား တီထွင်

အဆုတ်ကင်ဆာ ကာကွယ်ဆေးသစ် တစ်မျိုး ကျူးဘား တီထွင်

ကျူးဘား နိုင်ငံရှိ မော်လီကျူး ဆိုင်ရာ ရောဂါ ခုခံနိုင်မှု ဆေးဝါး ပညာဌာန (CIM) အဆုတ်ကင်ဆာ ရောဂါ ကာကွယ်ဆေးသစ် တစ်မျိုးကို တီထွင် ထုတ်လုပ်ခဲ့ပြီး မူပိုင်ခွင့် မှတ်ပုံတင် ခဲ့ကြောင်း အဆိုပါ ဌာနမှ သုတေ သီတစ်ဦး ဖြစ်သူ အန်နာ မာရီယာ ဗားဇ်ကွတ်ဇ်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါ ကာကွယ်ဆေးအား Racotumomab ဟု အမည် ပေးထားပြီး ယခုနှစ်တွင် ဆေးဝါး ကုသမှု လက်တွေ့ စမ်းသပ် စစ်ဆေးခဲ့ရာ ၎င်းဆေးဝါးသည် ထိရောက်မှု ရှိပြီး အသုံးပြုရန် အတွက် ဘေးအန္တရာယ် ကင်းရှင်းကြောင်း၊ ကင်ဆာရောဂါ ဝေဒနာရှင်များ အနေဖြင့် အသက်ရှင်ခွင့် အခွင့်အလမ်း ပိုမို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်း ကာကွယ်ဆေးသည် ကင်ဆာဆဲလ် များကို ဖျက်ဆီး ပေးနိုင်ပြီး ကင်ဆာ ဖြစ်စေသော အဖုအကျိတ် များကို လျော့ပါးစေရန် လုပ်ဆောင် နိုင်ကြောင်း သိရသည်။

Racotumomab ဆေးသည် ကျူးဘား နိုင်ငံမှ ကင်ဆာ ဝေဒနာရှင်များ အတွက် အထောက်အပံ့ ဖြစ်စေ သည့် CIM ဌာနမှ ထုတ်လုပ်သော EGF ကာကွယ်ဆေး ပြီးသည့်နောက် ဒုတိယမြောက် ကာကွယ်ဆေး ဖြစ် ကြောင်း သိရသည်။

အဆုတ်ကင်ဆာ ရောဂါသည် ကျူးဘား နိုင်ငံတွင် ဒုတိယ အဖြစ် အများဆုံး ရောဂါဖြစ်ပြီး ရောဂါ ဖြစ်ပွားနေ သူ ဦးရေသည် ခန့်မှန်းခြေ အားဖြင့် ၅ဝဝဝ ခန့် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/3352-2013-01-02-09-32-32

ကျူးဘား နိုင်ငံရှိ မော်လီကျူးဆိုင်ရာ ရောဂါခုခံနိုင်မှု ဆေးဝါးပညာဌာန (CIM) အဆုတ်ကင်ဆာ ရောဂါ ကာကွယ်ဆေးသစ် တစ်မျိုးကိုတီထွင်ထုတ်လုပ်ခဲ့ပြီး မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ကြောင်း အဆိုပါဌာနမှ သုတေသီ တစ်ဦး ဖြစ်သူ အန်နာ မာရီယာ ဗားဇ်ကွတ်ဇ်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါကာကွယ်ဆေးအား Racotumomab ဟု အမည် ပေးထားပြီး ယခုနှစ်တွင် ဆေးဝါး ကုသမှု လက်တွေ့ စမ်းသပ် စစ်ဆေးခဲ့ရာ ၎င်းဆေးဝါးသည် ထိရောက်မှု ရှိပြီး အသုံးပြုရန် အတွက် ဘေးအန္တရာယ် ကင်းရှင်းကြောင်း၊ ကင်ဆာရောဂါ ဝေဒနာရှင်များ အနေဖြင့် အသက်ရှင်ခွင့် အခွင့်အလမ်း ပိုမို ရရှိနိုင် မည် ဖြစ်ကြောင်း သိရသည်။

၎င်း ကာကွယ်ဆေးသည် ကင်ဆာဆဲလ် များကို ဖျက်ဆီး ပေးနိုင်ပြီး ကင်ဆာ ဖြစ်စေသော အဖုအကျိတ် များကို လျော့ပါးစေရန် လုပ်ဆောင် နိုင်ကြောင်း သိရသည်။

Racotumomab ဆေးသည် ကျူးဘား နိုင်ငံမှ ကင်ဆာ ဝေဒနာရှင်များ အတွက် အထောက်အပံ့ ဖြစ်စေ သည့် CIM ဌာနမှ ထုတ်လုပ်သော EGF ကာကွယ်ဆေး ပြီးသည့်နောက် ဒုတိယမြောက် ကာကွယ်ဆေး ဖြစ် ကြောင်းသိရသည်။

အဆုတ်ကင်ဆာ ရောဂါသည် ကျူးဘား နိုင်ငံတွင် ဒုတိယ အဖြစ် အများ ဆုံး ရောဂါဖြစ်ပြီး ရော ဂါ ဖြစ် ပွားနေ သူ ဦးရေသည် ခန့်မှန်းခြေ အားဖြင့် ၅ဝဝဝ ခန့် ရှိကြောင်း သိရသည်။
from..မြ၀တီ

No comments:

Post a Comment