Wednesday, January 9, 2013

စည်ပင်သာယာဥပဒေရုတ်သိမ်းရန်အဆိုအား ပညာရှင်များနှင့် ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ရန် ဦးရွှေမန်းပြောကြား

Photo: စည်ပင်သာယာဥပဒေရုတ်သိမ်းရန်အဆိုအား ပညာရှင်များနှင့်
ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ရန် ဦးရွှေမန်းပြောကြား
Wednesday, 09 January 2013

တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များကို
ကန့်သတ်ထားသည့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေအား ရုတ်သိမ်းရန် အဆိုကို ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန်
အစည်းအဝေးတွင် ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကသာ စည်ပင်သာယာရေး
ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိသဖြင့် အဆိုပါ ဥပဒေဆက်လက်
တည်ရှိရန်မသင့်သဖြင့် ရုတ်သိမ်းပေးပါရန် အဆိုတင်သွင်းသည်။

“ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ဥပဒေကြမ်းကော်မတီနဲ့ သက်ဆိုင်ရာ
ပညာရှင်တွေဆွေးနွေးပြီး ချွင်းချက်အနေနဲ့ လက်ရှိမှာ စည်ပင်ဥပဒေ
ရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေအနေနဲ့ အဲဒီဥပဒေအတိုင်း
ကျင့်သုံးပြီး ရေးဆွဲနေဆဲ ပြည်နယ်၊ တိုင်းတွေအနေနဲ့ ၁၉၉၃ ဥပဒေ
အတိုင်းပဲ ကျင့်သုံးရမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ပညာရှင်များနဲ့
တိုင်ပင်ပြီးတော့ သုံးသပ်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်မှာဖြစ်ကြောင်း လွှတ်တော်ကိုတင်ပြပါတယ်” ဟု သူရဦးရွှေမန်းကပြောသည်။

တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်
နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ သက်ဆိုင်ရာ စည်ပင်သာယာရေး ဥပဒေများကို ရေးဆွဲပြီးမှသာ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင်ဖော်ပြသည်။

နိုင်ငံအတွင်းကျင့်သုံးနေသော စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ
ပြည်သူလူထုအတွင်းက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်
များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊ မြို့နယ်များမှာ
စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ
ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်
ပြောင်းလဲ ဆောင်ရွက်နိုင်အောင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ
လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” ဟု ၂၀၁၂ ခု၊ ဒီဇင်ဘာ ၂၆ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊
ပြည်နယ်အစိုးရအဖွဲ့များအား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း
ပြောကြားသည်။

7Day News Journal တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ပိုင် ခွင့်များကိုကန့်သတ်ထားသည့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေ အား ရုတ်သိမ်းရန် အဆိုကို ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ပြီး မှသာ ဆုံးဖြတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များကသာ စည်ပင်သာယာရေးဆိုင်ရာကိစ္စရပ်များကို ဥပဒေပြု ခွင့်ရှိသဖြင့် အဆိုပါ ဥပဒေဆက်လက် တည်ရှိရန်မသင့်သဖြင့် ရုတ်သိမ်းပေးပါရန် အဆိုတင်သွင်းသည်။

“ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ဥပဒေကြမ်းကော်မတီနဲ့ သက်ဆိုင်ရာပညာရှင်တွေဆွေးနွေးပြီး ချွင်းချက် အနေနဲ့ လက်ရှိမှာ စည်ပင်ဥပဒေရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေအနေနဲ့ အဲဒီဥပဒေ အတိုင်း ကျင့်သုံးပြီး ရေးဆွဲနေဆဲ ပြည်နယ်၊ တိုင်းတွေအနေနဲ့ ၁၉၉၃ ဥပဒေအတိုင်းပဲ ကျင့်သုံးရမယ် ဆို တာ ဖြစ်နိုင်မဖြစ်နိုင် ပညာရှင်များနဲ့တိုင်ပင်ပြီးတော့ သုံးသပ်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်မှာဖြစ်ကြောင်း လွှတ်တော်ကိုတင်ပြပါတယ်” ဟု သူရဦးရွှေမန်းကပြောသည်။

တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီ တို့မှ သက်ဆိုင်ရာစည်ပင်သာယာရေး ဥပဒေများကို ရေးဆွဲပြီးမှသာ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင် ခံစာတွင်ဖော်ပြသည်။

နိုင်ငံအတွင်းကျင့်သုံးနေသော စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက် ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီ မှာ ပြည်သူလူထုအတွင်း က ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊ မြို့နယ်များမှာစည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များရွေးကောက် တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများလေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” ဟု ၂၀၁၂ ခု၊ ဒီဇင်ဘာ ၂၆ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များအား ပြော ကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

7Day News Journal

1 comment:

  1. သေချာစွာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။အခုတောင်ရန်ကုန်မြို့လယ်မှာနဂိုဥပဒေကိုကျော်ပြီးအတပ်မြင့်တွေစဉ်းမဲ့ကမ်းမဲ့ဆောက်ခွင့်ပြုလာလို့ရန်ကုန်မြို့ရဲ့သမိုင်းဝင်နဲ့ဘာသာရေးအဆောက်အအုံတွေရဲ့တန်ဖိုးနဲ့မြင်ကွင်းခြိမ်ခြောက်လာတာ ဥပဒေကိုအသေအချာမပြင်နိုင်ရင်ဗရှ့ဆသ်ဆိုးကျိုးတွေပြည်သားများခံစားရမှာပါ။ စီးပွာရေးသမားတွေနဲ့ စားဖားတွေကတော့ ကိုယ်ရဖို့ဘဲကြည့်ကြမှာဘဲ။ တယောက်ကပြောဖူးတယ်။ အထပ်မြင့်ဆောက်မှတိုင်းပြည်တိုးတက်မှာ မမြင်ချင်ဖူးလားတဲ့။ အထပ်မြင့်ဆောက်တိုင်းလဲဆင်းရဲသားတွေချမ်းသာလာတာမဟုတ်ပါဖူး။ ပမာပြောရရင် casino ဆောက်လို့ ဒီနိုင်ငံမှာ ဖာဘဲများလာမှာပါ။ စကားရိုင်းတာကိုတော့တောင်းပန်ပါတယ်။သိသာအောင်ပြောပြရလို့ပါ။

    ReplyDelete