Wednesday, January 9, 2013

ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသော မြန်မာအစိုးရ အမြောက်တပ်အားKIA မှဝင်ဖျက်ဟူသော သတင်းမှန်ကုန်မှုမရှိ

Photo: ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသော
မြန်မာအစိုးရ အမြောက်တပ်အားKIA မှဝင်ဖျက်ဟူသော
သတင်းမှန်ကုန်မှုမရှိ
Wednesday, 09 January 2013

လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော
ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသောမြန်မာအစိုးရ 
အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့ ညနေပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ရာလက်နက်ကြီးများထိမှန်ပျက်စီးသွားခဲ့ပြီး
ကျန်ရှိသော လက်နက်ကြီးများအား နေရာပြောင်းရွှေ့ သွားကြကြောင်း
သိရသည်ဟုအင်တာနက်သတင်းအချို့တွင်ဖော်ပြထားရာ ၄င်းသတင်း
မှန်ကုန်မှုမရှိကြောင်း ဒေါ့ဖုန်းယန်အမြောက်တပ်တွင်တာဝန်ကျနေသော
အရာရှိတစ်ဦးမှာဆိုပါသည်။

မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။
အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချရတဲ့နေရာမှာဘဲ
နေရာချထားတာပါ။ ကျွန်တော်တို့အမြောက်စခန်းတွေပတ်ဝန်းကျင်မှာ
ခြေလျင်တပ်တွေအများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့တစ်ချက်လမ်းပစ်ပြီတော့ထွက်ပြေးသွားတာ
တော့ရှိပါတယ် ကျွန်တော်တို့စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ
တစ်လုံးကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက်ပစ်နိုင်တာကိုဘဲသူတို့ဂုဏ်ယူပြီးပြောနေတယ်ထင်ပါတယ်။ 

KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင်
သွေးပျက်ပြီးပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့်သူတို့တပ်ဖွဲ့တွေစိတ်ဓာတ်မကျအောင်
ဝါဒဖြန့်တယ်လို့ယူဆပါတယ် အမြောက်ပစ်တာရပ်မရပ်ကတော့ KIA အသိဆုံးပါဟုပြောဆိုသွားသည်။

Phay Than Zaw လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော ဒေါ့ ဖုန်း ယန်ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချ ထားသောမြန်မာအစိုးရ အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့  ညနေ ပိုင်းက သွားရောက် တိုက်ခိုက် ခဲ့ရာလက်နက်ကြီး များထိ မှန် ပျက်စီး သွားခဲ့ပြီးကျန်ရှိသော လက်နက်ကြီးများအား နေ ရာပြောင်းရွှေ သွား ကြကြောင်း သိရသည် ဟုအင်တာနက် သတင်း အချို့တွင်ဖော်ပြ ထား ရာ ၄င်းသတင်း မှန်ကုန်မှု မရှိကြောင်း ဒေါ့ဖုန်းယန် အမြောက် တပ်တွင် တာဝန်ကျနေသောအရာရှိတစ်ဦးမှာဆိုပါသည်။

မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချရတဲ့နေရာမှာဘဲနေရာချထားတာပါ။ ကျွန်တော်တို့အမြောက်စခန်းတွေပတ်ဝန်းကျင်မှာခြေလျင် တပ်တွေအများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့ တစ်ချက် လမ်းပစ်ပြီတော့ထွက်ပြေးသွားတာတော့ရှိပါတယ် ကျွန်တော်တို့စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ တစ်လုံးကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက် ပစ်နိုင်တာကို ဘဲသူတို့ဂုဏ်ယူပြီးပြောနေတယ်ထင်ပါတယ်။

KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင်သွေးပျက်ပြီးပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့်သူတို့တပ်ဖွဲ့တွေစိတ်ဓာတ်မကျအောင်ဝါဒဖြန့်တယ်လို့ယူဆပါတယ် အမြောက်ပစ်တာရ ပ်မရပ် ကတော့ KIA အသိဆုံးပါဟုပြောဆိုသွားသည်။

Phay Than Zaw

No comments:

Post a Comment