အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦးအပါအဝင် နိုင် ငံခြား သားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီး ထားကြောင်း သိရှိရသည်။
အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့်ဂျပန်နိုင်ငံသားများ ပါဝင်သောဓားစာခံ ၄၁
ဦးကို ဖမ်းဆီးထားကြောင်း အယ်လ်ဂျီးရီးယားသူပုန်အဖွဲ့က ပြောကြားသည်။ မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက် မှု၌ ပြင်သစ်နိုင်ငံ၏
စစ်ရေးပါဝင်ဆောင်ရွက်မှုကို လက်စားချေသည့်အနေဖြင့် ယခုကဲ့သို့
တိုက် ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
Planet Myanmar Network

No comments:
Post a Comment