Thursday, January 17, 2013

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား


ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေယာဉ် များသည် အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ် အခြေစိုက် စခန်းတွင် မူလက တပ်ဖြန့် ချထားခဲ့ကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါ သည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki  စီရင်စုရှိ လေတပ် အခြေစိုက် စခန်းတွင် ၅ ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ် ခဲ့ပါသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါ စီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန် နိုင်ငံနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း ဒေသခံ များ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ ကြောင်း သိရှိ ရပါသည်။

http://www.myawady.com.mm/allnews/global/item/4550-2013-01-16-16-25-39#.UPdZr-72ur0
ဂျပန် နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ်အခြေစိုက်စခန်းတွင် မူလကတပ်ဖြန့်ချထားခဲ့ကြောင်း ၎င်းသတင်းဌာနက ထုတ်ပြန် ခဲ့ပါသည်။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki စီရင်စုရှိ လေတပ် အခြေစိုက်စခန်းတွင် ၅ ရက်ကြာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ပါသည်။ ဂျပန်ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါစီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန်နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း ဒေသခံများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် ဖျက်သိမ်း ခဲ့ကြောင်းသိရှိရပါသည်။

မြ၀တီ


No comments:

Post a Comment