Monday, January 21, 2013

ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်


ကချင်ပြည်နယ် မိုညှင်းခရိုင်ဟိုပင်မြို့နယ်ခွဲ မြသီတာရပ်ကွက်တွင်နေထိုင်သော ဦးဝင်မြင့်အားဟိုပင် ရဲစခန်းမှ ဒုရဲအုပ်ဦးအောင်မျိုးအေးက ဆိုင်ကယ်အချက်ပြမီးမပြသည့်ကိစ္စဖြင့် ထိုးနှက်ကာလက်နက်ပြ ခြိမ်းခြောက်ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း တွင် ပြည်ထောင်စု လမ်းမကြီး အတိုင်း မောင်းနှင် လာသော ဦးဝင်းမြင့်သည် အောင်သုခဆေးခန်းအနီး မြသီတာရပ်ကွက်သို့ အချက်ပြမီးမပြဘဲ ချိုးကွေ့ လိုက်စဉ် နောက်မှ ကပ်ပါလာသော ဒုရဲအုပ် အောင်မျိုးဝင်းကကျော်တက်ပြီး ပြဿနာရှာကာလက်သီးဖြင့် ထိုးသည့်အပြင်ခါးတွင်ပါလာသော သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ခဲ့သည်ဟု ဦးဝင်းမြင့်၏ တိုင်ကြားချက် အရသိရသည်။

ယင်းကဲ့သို့ ထိုးနှက်ခဲ့သည့်အတွက် ဝဲဘက်ပါး နှင့်ဝဲဘက်အပေါ် နှုတ်ခမ်းတွင်ဖူးရောင်ညိုမဲဒဏ်ရာများရရှိ သွားကြောင်းအခင်း ဖြစ်ပွားရာအနီးရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသည့်မျက်မြင် သက်သေတစ်ဦးဖြစ် သူ ကိုကျော်ဇင်သက် က ပြောကြားသည်။
“ငါ့ကို ဘာကောင်မှတ်လဲ၊ ပစ်သတ်လိုက်ရမလား” ဟုပြောဆိုကာ ခါးမှ သေနတ်ထုတ်၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်းကိုလည်း ၄င်းက ပြန်လည် ပြောပြသည်။

ယင်း ခြိမ်းခြောက်မှု နှင့် ပတ်သက်၍ ဟိုပင် ရဲစခန်း နယ်ထိန်း ဒုရဲအုပ် အောင်မျိုးအေး ကို အရေး ယူပေးရန် ဟိုပင်ရဲစခန်းသို့ ယင်းနေ့ ညနေပိုင်းတွင်သွားရောက်တိုင်တန်းခဲ့သော်လည်း ယာယီစခန်းမှူးက စခန်မှူး ကြီးလည်းမရှိသည့်အပြင် ပြသနာရှုပ်ထွေးလာမည်ကို စိုးရိမ်သဖြင့် အမှုကိုလက်မခံရဲဟု ပြောဆို ခဲ့ခြင်းကြောင့် မိုးညှင်းမြို့နယ်မှူးထံသို့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆက်လက်တိုင်တန်းခဲ့ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။

ယင်းအမှုနှင့်ပတ်သက်၍ စုံစမ်းရေးအဖွဲ့ဖွဲပြီးအခင်း ဖြစ်ပွားရာအနီးတဝိုက်ရှိမျက်မြင်သက်သေများကို စစ်ဆေး နေပြီ ဖြစ်ပြီး ပေါ်ပေါက်လာသော အမှုအခြေအနေကိုသုံးသပ်ပြီးမှန်ကန်သော အရေး ယူဆောင် ရွက်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မိုးညှင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးက ပြောကြားသည်။

“ဒုရဲအုပ်ကလမ်းစည်းကမ်းနားမလည်ဘူးလား မေးလိုက်တာကို ဦးဝင်းမြင့်ကစဆဲတာလို့သိရတယ်။ သူ့ကို ထိုးလိုက်တာမဟုတ်ပါဘူး။ ပါးရိုက်လိုက်တာပါ။ ဒါတော့ကျွန်တော်တို့ဘက်က လွန်တာပါ။ ရဲဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူကို သည်းခံရမှာပါ၊ ဒီအတွက်သူ့ကို အရေးယူမှာပါ၊ သေနတ်နဲ့ချိန်တယ် ဆိုတာ လည်းမဟုတ်ပါဘူး။ ခါးမှာ သေနတ်ချိတ်ထားတာကို ပြောချင်တာပါ” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး က The Voice Weekly သို့ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment