Monday, January 21, 2013

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ အပစ်အခတ်ရပ်စဲရန် မြန်မာအစိုးရ၏ သဘောထားကြေညာချက် ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။

KIO/KIA နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရန်အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ကို တိုးမြှင့်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်ရန် နှစ်ဖက်စလုံးကိုလည်း ဆက်သွယ်ပြောကြား ခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်န၀ါရီလ ၁၈ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများမပြုလုပ်ရန်ဆို သည့်အချက်ကိုတိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံ အတည်ပြု ပြောကြားသည်ဟုခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment