Monday, January 21, 2013

အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်

အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်
Monday, January 21, 2013

အရှေ့တရုတ် ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်းတာရေး ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင် အသင့်ရှိ နေစေရန် ၎င်း၏ စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံက ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ် အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာ ပါသည်။

တရုတ် နိုင်ငံသည် ၎င်း၏ ကျွန်းစု နယ်မြေများနှင့် ကျောက်တန်း များဆိုင်ရာ မြေပုံ ရေးဆွဲရေး အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် အရှေ့တရုတ် ပင်လယ်ရှိ Diaoyu ကျွန်းစုအား တိုင်းတာရေး
ဆောင်ရွက်သွားရန် ရှိကြောင်း တရားဝင် သတင်း ဌာန တစ်ခုက
ထုတ်ပြန်ခဲ့ ပါသည်။ 

တရုတ် နိုင်ငံသည် အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် စီစဉ်ထား ကြောင်းနှင့် ဖြစ်ပေါ် လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင် ထားရန် စစ်ဘက် အကြီးအကဲ များနှင့် တပ်ဖွဲ့ဝင် များအား တိုက်တွန်း ပြောကြားထားကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ဌာနချုပ်မှ စစ်ဦးစီးချုပ်က ပြောကြား ခဲ့သည်ဟု PLA ၏ နေ့စဉ် သတင်း ထုတ်ပြန်ရေး ဌာနက ရေးသား ဖော်ပြခဲ့ ပါသည်။

မြ၀တီ အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။

တရုတ် နိုင်ငံသည် ၎င်း၏ ကျွန်းစုနယ်မြေများနှင့် ကျောက်တန်းများဆိုင်ရာ မြေပုံ ရေးဆွဲရေး အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် အရှေ့တရုတ်ပင်လယ်ရှိ Diaoyu ကျွန်းစုအား တိုင်းတာရေးဆောင်ရွက်သွားရန် ရှိကြောင်း တရားဝင် သတင်း ဌာန တစ်ခုကထုတ်ပြန်ခဲ့ ပါသည်။

တရုတ် နိုင်ငံသည် အမှန်တကယ်တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့် ခန်းများ ပိုမိုပြုလုပ်သွားရန် စီစဉ်ထား ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲအတွက်အသင့်ပြင်ဆင် ထားရန် စစ်ဘက်အကြီးအကဲများနှင့် တပ်ဖွဲ့ဝင်များအား တိုက်တွန်း ပြောကြားထားကြောင်း တရုတ်ပြည် သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဌာနချုပ်မှ စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်ဟု PLA ၏ နေ့စဉ် သတင်းထုတ်ပြန်ရေး ဌာနက ရေးသား ဖော်ပြခဲ့ပါသည်။

မြ၀တီ

No comments:

Post a Comment