Saturday, January 19, 2013

အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဖေဖော်ဝါရ်ီအတွင်း ပြုလုပ်မည်

Photo: အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဖေဖော်ဝါရ်ီအတွင်း ပြုလုပ်မည်
Saturday , January 19, 2013

အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့်ဖေဖော်ဝါရီလအတွင်း
ပြုလုပ်မည်ဖြစ်ကြောင်း နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

အစိုးရနှင့် နာရလက်နက် ကိုင်အဖွဲ့အစည်းတို့အကြား တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

''မြန်မာအစိုးရနဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ဆက်ဆံရေး
ကောင်းမွန်စွာ ရှိပါတယ်။ အဲဒီအတွက် ပြည်သူလူထုလည်း ၀မ်းသာကြတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသားတွေကို ကြည့်မယ်ဆိုရင်
မြန်မာပြည်ထဲက အခြားတိုင်းရင်းသားတွေနဲ့ မတူသေးဘူး။ နာဂလူမျိုး
တွေမှာ ဖွံ့ဖြိုးမှု မရှိသေးဘူး။ ပညာရေးလည်း နိမ့်ကျသေးတယ်။ အဲဒီအတွက်
အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးရင်တော့ နာဂတိုင်းရင်းပြည်သူရဲ့ ဖွံ့ဖြိုးမှု
အခြေအနေကို ပြောပြရမယ်။ နာဂဒေသမှာ နေထိုင်တဲ့ နေရာဟူသမျှမှာ ဖွံ့ဖြိုးရေးဦးစားပေး လုပ်ဆောင်ဖို့အတွက်ကိုလည်း ဆွေးနွေးသွားပါမယ်'' ဟု နာဂငြိမ်းချမ်းရေးအဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောကြား
ခဲ့သည်။

နာဂလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ၁၉၄၆ ခုနှစ်ကတည်းက
နိုင်ငံရေးစတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် သေနတ်စတင်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ယခုပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် နာဂလူမျိုးများအတွက် အကျိုးရှိရန် နာဂငြိမ်းချမ်းရေးအဖွဲ့မှမျှော်လင့်
ထားသည်။    

နာဂလူမျိုးများမှာ မြန်မာနိုင်ငံရှိ နာဂများဒေသများဖြစ်သော လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်များအပြင် အိန္ဒိယနိုင်ငံနယ်စပ်တွင်လည်း နာဂလန်း (Naga Land) တွင်လည်း နေထိုင်ကြကြောင်း၊ အိန္ဒိယနိုင်ငံတွင် နေထိုင်သည့် နာဂလူမျိုးဦးရေမှာ သိန်း ၃၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင်မူ နာဂလူမျိုးဦးရေ ၃ သိန်းခန့်သာရှိသည်ဟု နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

''အိန္ဒိယမှာ နေထိုင်တဲ့ နာဂလူမျိုးတွေက အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေး
စနစ်မှာ နိုင်ငံရဲ့ အကူအညီတွေ ရကြတယ်။ မြန်မာပြည်မှာနေတဲ့ နာဂလူမျိုးတွေမှာတော့ အဲဒီလိုအကူအညီ မရကြပါဘူး'' ဟု ဦးကျော်ဝမ်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Groupအစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့်ဖေဖော်ဝါရီလ အတွင်း ပြု လုပ် မည်ဖြစ်ကြောင်း နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

အစိုးရနှင့် နာရလက်နက် ကိုင်အဖွဲ့အစည်းတို့အကြား တိုင်းဒေသကြီး အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

''မြန်မာအစိုးရနဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ဆက်ဆံရေးကောင်းမွန်စွာ ရှိပါတယ်။ အဲဒီအတွက် ပြည်သူလူထုလည်း ၀မ်းသာကြတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသားတွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်ထဲက အခြားတိုင်းရင်းသားတွေနဲ့ မတူသေးဘူး။ နာဂလူမျိုးတွေမှာ ဖွံ့ဖြိုးမှု မရှိသေးဘူး။ ပညာရေးလည်း နိမ့်ကျသေးတယ်။ အဲဒီအတွက် အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးရင်တော့ နာဂတိုင်းရင်းပြည်သူရဲ့ ဖွံ့ဖြိုးမှု အခြေအနေကို ပြောပြရမယ်။ နာဂဒေသမှာ နေထိုင်တဲ့ နေရာဟူသမျှမှာ ဖွံ့ဖြိုးရေးဦးစားပေး လုပ်ဆောင်ဖို့အတွက်ကိုလည်း ဆွေးနွေးသွားပါမယ်'' ဟု နာဂငြိမ်းချမ်းရေးအဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောကြား ခဲ့သည်။

နာဂလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ၁၉၄၆ ခုနှစ်ကတည်းက နိုင်ငံရေးစတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် သေနတ်စတင်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ယခုပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် နာဂလူမျိုးများအတွက် အကျိုးရှိရန် နာဂငြိမ်းချမ်းရေးအဖွဲ့မှမျှော်လင့်
ထားသည်။

နာဂလူမျိုးများမှာ မြန်မာနိုင်ငံရှိ နာဂများဒေသများဖြစ်သော လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်များအပြင် အိန္ဒိယနိုင်ငံနယ်စပ်တွင်လည်း နာဂလန်း (Naga Land) တွင်လည်း နေထိုင်ကြကြောင်း၊ အိန္ဒိယနိုင်ငံတွင် နေထိုင်သည့် နာဂလူမျိုးဦးရေမှာ သိန်း ၃၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင်မူ နာဂလူမျိုးဦးရေ ၃ သိန်းခန့်သာရှိသည်ဟု နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

''အိန္ဒိယမှာ နေထိုင်တဲ့ နာဂလူမျိုးတွေက အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရဲ့ အကူအညီတွေ ရကြတယ်။ မြန်မာပြည်မှာနေတဲ့ နာဂလူမျိုးတွေမှာတော့ အဲဒီလိုအကူအညီ မရကြပါဘူး'' ဟု ဦးကျော်ဝမ်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

From : Eleven Media Group

No comments:

Post a Comment