Saturday, January 19, 2013

ရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ အလုပ်ရုံများ ပိုမိုတည်ထောင်ရန် လိုအပ်နေ

Photo: ရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ
အလုပ်ရုံများ ပိုမိုတည်ထောင်ရန် လိုအပ်နေ
Saturday , January 19, 2013
  
ရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ
အလုပ်ရုံများ ယခုထက်ပိုမိုတည်ထောင်ရန် လိုအပ်လျက်ရှိသည်ဟု ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က
ပြောကြားခဲ့သည်။

''ရန်ကုန်မြို့မှာ အလုပ်အကိုင်ရရှိမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်နေတာက လက်ရှိအလုပ်ရှိ
လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုကဏ္ဍမှာ လုပ်တာက ၁၉ 
ရာခိုင်နှုန်းပဲ ရှိနေတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ပေါများဖို့ဆိုတာ စက်ရုံအလုပ်ရုံတွေ ပေါများဖို့လိုတယ်။ ရန်ကုန်မြို့မှာက မြေအသုံးချမှုမှာ လူနေအိမ်တွေက ၈၉ ရာခိုင်နှုန်းလောက်ရှိတယ်။ စက်မှုလုပ်ငန်းတွေ
အတွက်တော့ မြေအသုံးချမှုက ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။
ဖြစ်သင့်တာက စက်မှုမြေအသုံးချမှုက ၄၀ ရာခိုင်နှုန်းလောက် ဖြစ်သင့်တယ်။ ဒါကြောင့် အခြေခံလုပ်သား အလုပ်များများရဖို့ စက်ရုံအလုပ်ရုံတွေ
ပေါများဖို့လိုတယ်။ စက်မှုကဏ္ဍ မဖွံ့ဖြိုးရင် မလုပ်များများ မရနိုင်ပါဘူး'' ဟု ဒေါက်တာကျော်လတ်က ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ စက်မှုကဏ္ဍ လုပ်ငန်းများတွင် လက်ရှိစက်မှုဇုန် ၂၄ ခုရှိပြီး အသုံးမပြုသော မြေများအပါအ၀င် အကျယ်အ၀န်း ၅၁၀၅ ဧက ရှိကြောင်း၊ အချို့မှာ ယခင်ကတည်းက စက်မှုဇုန်တည်ထောင်မည်ဟု မြေနေရာမ၀ယ်ယူ
ခဲ့သော်လည်း နောက်ပိုင်းမြေဈေးကစားရန်အတွက် စက်မှုဇုန်များ
တည်ဆောက်မှု မရှိကြောင်း သိရသည်။

စက်မှုကဏ္ဍတွင် အလုပ်သမားအင်အားစုမှာ နည်းသည်ဟုဆိုနိုင်ပြီး 
လာမည့် ၂၀၄၀ ခုနှစ်တွင် အလုပ်သမားအင်အား ၅ ဒသမ ၅၄ သိန်း ထပ်မံမြင့်တက်လာမည် ဖြစ်သောကြောင့် သီလ၀ါအထူးစီးပွားရေးဇုန် အပါအ၀င် စက်မှုစီးပွားရေးဇုန် အသစ်များ ထပ်မံလိုအပ်မည်ဟု မဟာ
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာ 
(၂) တွင် ဖော်ပြထားပါသည်။

သို့သော် စက်မှုဇုန်လုပ်သားများတွင် ရင်ဆိုင်နေရသော အခြေခံလုပ်အားခ နည်းပါးသည့် အခြေအနေများလည်း ရှိနေပြီး ထိုက်သင့်သည့် သတ်မှတ်
လုပ်အားခ ရရှိရန်မှာလည်း အရေးကြီးလိုအပ်လာမည် ဖြစ်သည်။

''ရန်ကုန်မြို့ကို ချဲ့ဖို့လိုသလို စက်မှုဇုန်တွေကိုလည်း ထပ်လုပ်ဖို့ 
လိုတယ်။ ပြီးတော့ မြို့ပြစီမံကိန်း ရေးဆွဲတဲ့နေရာမှာလည်း လုပ်သားအလုပ်ရရဖို့ကိုလည်း ထည့်သွင်းဖို့လိုပါတယ်'' ဟု ဒေါက်တာကျော်လတ်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group
ဓာတ်ပုံ - ဧရာဝတီရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ အလုပ်ရုံများ ယခုထက်ပိုမိုတည်ထောင်ရန် လိုအပ်လျက်ရှိသည်ဟု ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားခဲ့သည်။

''ရန်ကုန်မြို့မှာ အလုပ်အကိုင်ရရှိမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်နေတာက လက်ရှိအလုပ်ရှိ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုကဏ္ဍမှာ လုပ်တာက ၁၉ ရာခိုင်နှုန်းပဲ ရှိနေတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ပေါများဖို့ဆိုတာ စက်ရုံအလုပ်ရုံတွေ ပေါများဖို့လိုတယ်။ ရန်ကုန်မြို့မှာက မြေအသုံးချမှုမှာ လူနေအိမ်တွေက ၈၉ ရာ ခိုင်နှုန်းလောက်ရှိတယ်။ စက်မှုလုပ်ငန်းတွေ အတွက်တော့ မြေအသုံးချမှုက ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။
ဖြစ်သင့်တာက စက်မှုမြေအသုံးချမှုက ၄၀ ရာခိုင်နှုန်းလောက် ဖြစ်သင့်တယ်။ ဒါကြောင့် အခြေခံလုပ်သား အလုပ်များများရဖို့ စက်ရုံအလုပ်ရုံတွေ ပေါများဖို့လိုတယ်။ စက်မှုကဏ္ဍ မဖွံ့ဖြိုးရင် မလုပ်များများ မရနိုင်ပါဘူး'' ဟု ဒေါက်တာကျော်လတ်က ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ စက်မှုကဏ္ဍ လုပ်ငန်းများတွင် လက်ရှိစက်မှုဇုန် ၂၄ ခုရှိပြီး အသုံးမပြုသော မြေများအပါအ၀င် အကျယ်အ၀န်း ၅၁၀၅ ဧက ရှိကြောင်း၊ အချို့မှာ ယခင်ကတည်းက စက်မှုဇုန်တည်ထောင်မည် ဟု မြေနေရာ မ၀ယ်ယူခဲ့သော်လည်း နောက်ပိုင်းမြေဈေးကစားရန်အတွက် စက်မှုဇုန်များ တည်ဆောက်မှု မရှိကြောင်း သိရသည်။

စက်မှုကဏ္ဍတွင် အလုပ်သမားအင်အားစုမှာ နည်းသည်ဟုဆိုနိုင်ပြီး လာမည့် ၂၀၄၀ ခုနှစ်တွင် အလုပ် သမားအင်အား ၅ ဒသမ ၅၄ သိန်း ထပ်မံမြင့်တက်လာမည် ဖြစ်သောကြောင့် သီလ၀ါအထူးစီးပွားရေးဇုန် အပါအ၀င် စက်မှုစီးပွားရေးဇုန် အသစ်များ ထပ်မံလိုအပ်မည်ဟု မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာ (၂) တွင် ဖော်ပြထားပါသည်။

သို့သော် စက်မှုဇုန်လုပ်သားများတွင် ရင်ဆိုင်နေရသော အခြေခံလုပ်အားခ နည်းပါးသည့် အခြေအနေ များလည်းရှိနေပြီး ထိုက်သင့်သည့် သတ်မှတ်လုပ်အားခ ရရှိရန်မှာလည်း အရေးကြီး လိုအပ် လာမည် ဖြစ်သည်။

''ရန်ကုန်မြို့ကို ချဲ့ဖို့လိုသလို စက်မှုဇုန်တွေကိုလည်း ထပ်လုပ်ဖို့လိုတယ်။ ပြီးတော့ မြို့ပြစီမံ ကိန်း ရေးဆွဲတဲ့နေရာမှာလည်း လုပ်သားအလုပ်ရရဖို့ကိုလည်း ထည့်သွင်းဖို့လိုပါတယ်'' ဟု ဒေါက်တာကျော်လတ် က ဆက်လက်ပြောကြားခဲ့သည်။

From : Eleven Media Group

No comments:

Post a Comment