Monday, January 7, 2013

ဂျပန်ဒုဝန်ကြီးချုပ်တာရိုအာဆိုရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့အကြွေးတွေလျှော်ပစ်ခဲ့တဲ့ အပေါ်တရုတ်ကို ပစ်မှတ်ထားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ကြောင်းတရုတ်သတင်းစာဖေါ်ပြ

 
မြန်မာနိုင်ငံဟာ ဂျပန်၊ အိန္ဒိယ၊ အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးစပ် လာနေပြီး၊ ဆက်ဆံရေးတိုးမြှင့်လာနေတာဟာ တရုတ် မြန်မာ ဆက် ဆံရေး အပေါ် သက်ရောက်မှုတွေရှိ လာနေပြီး၊ မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ တရုတ်ရဲ့ မဟာဗျူဟာ နေရာအခင်းအကျင်း အပေါ်မှာ လည်း ဖိအား တစ်ရပ်ဖြစ်လာနေတယ်လို့ တရုတ် အစိုးရရဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာက မနေ့က ဖေါ်ပြလိုက်ပါတယ်။

ဂျပန် ဒုဝန်ကြီးချုပ် တာရိုအာဆိုရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့အကြွေးတွေလျှော် ပစ်တာ၊ နောက် ထပ် ငွေကြေးအကူအညီတွေ အမြောက်အများထပ်ပေးတာတွေဟာ တရုတ်ကို ပစ်မှတ် ထားတဲ့ အဓိပ္ပါယ် ပဲ ဖြစ်ကြောင်း၊ ဒါ့ပြင် ဒီလအတွင်းအိန္ဒိယ ကာကွယ်ရေးဝန်ကြီးAK Antony  မြန်မာပြည်ကို သွားမယ့် ခရီးစဉ်ဟာလည်းတရုတ်ရဲ့ မဟာဗျူဟာ လမ်းကြောင်းတွေကို ဖက်ပြိုင်ဖို့ဖြစ်ကြောင်း Global Times သတင်းစာမှာ ပါဝင်တဲ့ ဆောင်းပါး တစ်စောင်က ရေးသား ထားပါတယ်။

ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးတွေ တဖြည်းဖြည်းအားကောင်းလာနေတယ်လို့ လေ့ လာသူတွေက ဆိုကြောင်း၊ ဒါဟာ လေးနက်ခိုင်ခန့်တဲ့  တရုတ်မြန်မာ ဆက်ဆံရေး ကို လျှော့ တွက် လိုက် တာဖြစ်ကြောင်း၊ တရုတ်ပြည်ဟာ မြန်မာရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံသူ၊ ဒုတိယအကြီးဆုံး စီးပွား ဘက် ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

RFA (မြန်မာပိုင်း)

No comments:

Post a Comment