Wednesday, January 9, 2013

မိုဘိုင်းဖုန်းများ ဈေးလျှော့ပါက GSM နှင့် WCDMA ဈေးနှုန်း တူမည် မဟုတ်

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို လက်ရှိ ရောင်းချနေသော ဈေးနှုန်းအောက် လျှော့ ချ ရောင်းချမည် ဖြစ်ပြီး ယင်းသို့ ရောင်းချရာတွင် GSM နှင့် WCDMA ဈေးနှုန်းတူမည် မဟုတ်ဘဲ  ယခုရောင်းချ နေသကဲ့သို့ပင် WCDMA မိုဘိုင်း ဖုန်း မှာ ဈေးနှုန်းပို များမည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရ သည်။ ယင်းသို့ ဈေးနှုန်းလျှော့ချ ရောင်းချရာတွင် GSM နှင့် WCDMA မိုဘိုင်းဖုန်း များကို ဈေးနှုန်း နှစ် မျိုးဖြင့် ရောင်းချမည် ဖြစ်သော်လည်း မည် သည့် ဈေးဖြင့် ရောင်းချ မည်ကို အတိအကျ မသိရသေး ဘဲ ဈေးနှုန်းအားဖြင့် ကျပ်နှစ်သောင်းခန့်
ကွာခြား နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိသူများက ပြောသည်။ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက "GSM နဲ့ WCDMA ကို ဈေးအတူတူ ရောင်းမှာ မဟုတ်ပါ ဘူး။ ဈေးကွာမှာပါ။ ဘယ်လောက်ကွာမလဲ ဆိုတာတော့မသိသေးပါဘူး။ နှစ်သောင်း လောက်တော့ကွာရင် ကွာနိုင်ပါတယ်။ ဈေးနှုန်းအတိအကျကို တကယ်ရောင်းချတဲ့အခါကျရင်တော့ ကြေငြာမှာပါ" ဟု ပြော သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများကို ဈေးနှုန်း လျှော့ချခြင်းကို ယခုလ အတွင်း တွင် ရောင်းချပေးမည် ဖြစ်ပြီး ယင်းသို့ ရောင်းချ ပေးခြင်းကို ပြည်နယ်နဲ့တိုင်းဒေသကြီး အားလုံး တွင် ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။ ရောင်းချ ပေးရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ရန်ကုန်မြို့တွင် ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် နေရာများတွင် အဓိက ထား ရောင်းချပေးမည်ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ရောင်းချပေးမည် ဖြစ်သည်ဟု ဆက်သွယ်ရေးက ပြောကြားထားပြီး ဖြစ်သည်။ အများပြည်သူများအနေဖြင့်လည်း ဈေးနှုန်း လျှော့ ချ ပေးခြင်းကို စောင့်မျှော်နေပြီး ဈေးနှုန်းလျှော့ချပါက ဝယ်ယူမည့်သူများပြား နိုင်ကြောင်း ဈေးကွက် အတွင်းရှိ မိုဘိုင်းဖုန်းဆိုင်များက သုံးသပ် ပြောကြားသည်။ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦး က "အများအားဖြင့်တော့ တစ်သိန်းဖုန်း ထွက်မယ်ဆိုပြီး စောင့်နေပါတယ်။ အဲဒီ ဖုန်းကို ဝယ်မယ့် သူ တော်တော်များပါတယ်။ အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်တွေ ဘက်ကသူတွေ များပါ တယ် ။ ဈေးနှုန်း တစ်သိန်းလို့လည်း ကြားပါတယ်။ တစ်သိန်းထက် ကျမယ် ဆိုရင်လည်း ပိုကောင်း ပါတယ်။ အဲဒီ ထက် ဈေး ကျရင် ဝယ်မယ့်သူ ပိုများ နိုင်တာပေါ့။ ဈေးကိုလည်း ပိုလျှော့ ပေးစေ ချင်ပါတယ်" ဟု ပြောသည်။
Ref : yatanarpon

No comments:

Post a Comment