Wednesday, January 9, 2013

ပုံစံဟောင်းနဲ့ နည်းပညာသစ် Samsung NX300 ကင်မရာ

ဆမ်ဆောင်း ကုမ္ပဏီဟာ ကြိုးမဲ့ စမတ် ကင်မရာ နည်းပညာ ကဏ္ဍကို ဦးဆောင်နေပြီး  ၎င်းရဲ့ NX Series ကင်မရာ ငယ်တွေဟာ အမြဲတမ်းတော့ 4G Android Galaxy Camera များ သုံးစွဲရသလို မဟုတ်ပါဘူး။ NX ကင်မရာ များဟာ Galaxy Smart Camera များတဲ့ သို့မဟုတ်ဘဲ ရိုက်ကူးပြီးတဲ့ပုံတွေကို စမတ်ဖုန်းနဲ့ Tablet များသို့ တိုက်ရိုက် Wifi ဖြင့် ချိတ်ဆက် ကြည့်ရှု နိုင်စေ
သလို Wifi hot-spot ဖြင့် ချိတ်ဆက် ပြီးလည်း Twitter, Facebook တို့ကို ဓာတ်ပုံများ တင်နိုင်ပါတယ်။ NX300 မျိုးဆက်သစ်ဟာ ဆမ်ဆောင်းရဲ့ NX210 ကို ဆက်ခံသူဖြစ်ပြီး ပိုမိုတိုးတက်လာတဲ့ Wifr Feature များနဲ့ အတူ ရှေးရိုးဆန်တဲ့ ဒီဇိုင်းကို ပိုင်ဆိုင်ပါတယ်။ Smart Camera 2.0 Wifi ဟာ ယခုအခါမှာ Dual-band အသုံးပြုနိုင်ပြီး ဆိုရှယ်ဝက်ဆိုက်များနဲ့ အီးမေးလ်များထံသို့ ပို့လွှတ်နိုင်တဲ့ Direct Link Key ပါဝင်ပါတယ်။ ယခင်က ကင်မရာထဲမှာ ဓာတ်ပုံတွေကို စမတ်ဖုန်းပေါ်သို့သာ ဆွဲတင်နိုင်သော်လည်း ယခုအခါ Windows နဲ့ OS X များကိုပါ ထောက်ပံ့ပေးနိုင်ပြီ ဖြစ်ပါတယ်။
ပထမမျိုးဆက် ဆမ်ဆောင်း စမတ်ကင်မရာများမှာ ပါဝင်ခဲ့တဲ့ Mobile Link နဲ့ Remote View Finder app နှစ်ခုကို Android နဲ့ iOS နှစ်မျိုးစလုံးအတွက် App တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တာကြောင့် လုပ်ငန်းဆောင်တာ နှစ်မျိုးစလုံးကို App တစ်ခုတည်းဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Smart Camera 2.0 ဟာ သုံးစွဲသူကို Firmware update အဖြစ် ထွက်ပေါ်လာရင်လည်း အလိုအလျောက် အသိပေးတဲ့စနစ် ပါဝင်လာပါတယ်။ Update ပြုလုပ်လိုလျင် အရင်ကလိုပဲ ကွန်ပျူတာဖြင့်သာ Update ပြုလုပ်နိုင်ပေမယ့် ကင်မရာမှလည်း အသိပေးနိုင်တဲ့စနစ် ပါဝင်လာတာဟာ တိုးတက်မှုတစ်ခုပါပဲ။ NX300 မှာ ပုံမှန် DSLR ကင်မရာများနဲ့ တူညီတဲ့ APS-C ပုံရိပ်ဆင်ဆာကို အသုံးပြုထားတာ 20.3MP ရုပ်ထွက်အား ရှိပါတယ်။ Touch ဖြင့် အသုံးပြုနိုင်တဲ့ 3.3" အရွယ် AMOLED display ငယ်လည်းပါဝင်သလို USB မှတစ်ဆင့် အားသွင်းနိုင်တဲ့ ပထမဆုံး NX ကင်မရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘတ္ထရီအားသွင်းလိုရင် ဆမ်ဆောင်းရဲ့ ဒေါ်လာ ၆၀ တန် Quick Battery Charger ကို ထပ်မံဝယ်ယူရမှာပါ။ ဒီကင်မရာကို မတ်လ မှာ US$ 599.99 ဖြင့် စတင်ဖြန့်ချိလာမှ ဖြစ်ပြီး 3D မပါတဲ့ ဗားရှင်းကတော့ US$ 299.99 သာ ကျသင့် မှာပါ။
Ref : yatanarpon

No comments:

Post a Comment