Monday, January 21, 2013

မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်

Photo: မြန်မာနိုင်ငံ ဖုန်းလောကသို့ Samsung မှ CDMA 800mhz ဟန်းဆက်အသစ်ကို စတင်ထိုးဖောက်
Monday, January 21, 2013

Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်
များကို တင်သွင်းလျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များ
ကိုသာ တင် သွင်းခဲ့ပြီး ယခုအခါတွင် CDMA800mhz ဖုန်းဟန်း
ဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။

“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကို
စတင်ပြီး သွင်းတာပါ။ ဒီဖုန်းကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။ ဒီဖုန်းကို
Network Setting ပြောင်းစရာမလိုပဲ အသုံးပြုနိုင်အောင်
ပြုလုပ်ပေးထားတယ်။” ဟု Samsung မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Samusung မှ ယခုတရားဝင်တင်သွင်းလာသော Galaxy
Amazing မှာ Touch Screen အမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာ
ပြင်မှာ 3.5လက်မ ကျယ်ဝန်းသည်။ internal memory 3GB
ပါဝင်ပြီး Micro SD ဖြင့် 32GB အထိတိုးမြှင့်အသုံးပြုနိုင်သည်။ ဖုန်းကင်မရာတစ်လုံးပါဝင်ပြီး 3MP အမျိုးအစားဖြစ်သည်။

Android OS, v2.3 (Gingerbread) အမျိုးအစား Android ကို ထည့်သွင်းအသုံးပြုထားသည်။ Bluetooth ပါဝင်ပြီး အရောင်မှာ
အဖြူနှင့် အမည်းနှစ်မျိုး ထုတ်လုပ်ထားသည်။ Samsung brand ဖုန်းဟန်းဆက်ကိုကြိုက်နှစ်သက်သူများအတွက် CDMA 800mhz အမျိုးအစား အတွက် ယခုထုတ်လုပ်ဖြန့်ချီလိုက်သော Samsung
Galaxy Amazing တန်ဖိုးမှာ ငွေကျပ် ၁သိန်း၅သောင်းကျပ်
ဖြစ်ကြောင်း၊ ၀ယ်ယူ သူများအတွက် 2GB MicroSD ကတ်ကို လက်ဆောင်အဖြစ် ထည့်သွင်းပေးမည်ဖြစ်ပြီး အာမခံ ၁ နှစ်
ပေးထားကြောင်း သိရသည်။

ဆုဝေ
The Myanma Age
Samsung ကုမ္ပဏီမှ မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း ဟန်းဆက်များကို တင်သွင်း လျက်ရှိရာ ယခင်က GSMမိုဘိုင်းဟန်းဆက်များကိုသာ တင်သွင်းခဲ့ပြီး ယခုအခါ တွင် CDMA800mhz ဖုန်းဟန်းဆက်များကို တရားဝင်တင်သွင်းကာ ဈေးကွက်ကို စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း သိရသည်။
“အရင်က GSM တွေပဲ သွင်းခဲ့တယ်။ အခု CDMA ဈေးကွက်ကို ထိုးဖောက်တဲ့ အနေနဲ့ CDMA 800mhz အတွက် ဟန်းဆက်ကိုစတင်ပြီး သွင်းတာပါ။ ဒီဖုန်း ကို မြန်မာနိုင်ငံက CDMA network နဲ့ကိုက်ညီအောင် လုပ်ထားပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ အဆင်ပြေပြီး ကြိုက်နှစ်သက်မှာပါ။ ပြီးတော့ internet သုံးရင် တခြားဖုန်းတွေဆို Network Setting ပြောင်းနေရတယ်။ ဒီဖုန်းကိုNetwork Setting ပြောင်းစရာမလိုပဲ အသုံးပြုနိုင်အောင်ပြု လုပ်ပေး ထားတယ်။” ဟု Samsung မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Samusung မှ ယခုတရားဝင်တင်သွင်းလာသော GalaxyAmazing မှာ Touch Screen အမျိုးအစားဖြစ်ပြီး ဖုန်းမျက်နှာပြင်မှာ 3.5လက်မ ကျယ်ဝန်းသည်။ internal memory 3GBပါဝင်ပြီး Micro SD ဖြင့် 32GB အထိတိုးမြှင့်အသုံးပြုနိုင်သည်။ ဖုန်းကင်မရာတစ်လုံးပါဝင်ပြီး 3MP အမျိုးအစားဖြစ်သည်။

Android OS, v2.3 (Gingerbread) အမျိုးအစား Android ကို ထည့်သွင်းအသုံးပြုထားသည်။ Bluetooth ပါဝင်ပြီး အရောင်မှာအဖြူနှင့် အမည်းနှစ်မျိုး ထုတ်လုပ်ထားသည်။ Samsung brand ဖုန်းဟန်းဆက် ကိုကြိုက်နှစ်သက်သူများအတွက် CDMA 800mhz အမျိုးအစား အတွက် ယခုထုတ်လုပ်ဖြန့်ချီလိုက်သော Samsung
Galaxy Amazing တန်ဖိုးမှာ ငွေကျပ် ၁သိန်း၅သောင်းကျပ်ဖြစ်ကြောင်း၊ ၀ယ်ယူသူများအတွက် 2GB MicroSD ကတ်ကို လက်ဆောင်အဖြစ်ထည့်သွင်းပေးမည်ဖြစ်ပြီး အာမခံ ၁ နှစ်ပေးထားကြောင်း သိရ သည်။

The Myanma Age

No comments:

Post a Comment