Friday, February 15, 2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်ရေး ၀က်ဘ်ဆိုက်နှင့် စာအုပ် ထုတ်လွှင့် ဖြန့်ချိမည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၀က်ဘ်ဆိုက်နှင့် စာအုပ် ထုတ်လွှင့်ဖြန့်ချိမှု အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနိုင်ရန် Myanmar Peace Monitor ၀က်ဘ်ဆိုက် နှင့် Deciphering
Myanmar’s Peace Process book စာအုပ် ထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် Burma News International(BNI) အဖွဲ့က ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ BNI သည် တိုင်းရင်းသား သတင်းဌာနအများစု ပါဝင်သည့် သတင်းမီဒီယာ ၁၁ ဖွဲ့ ပူးပေါင်းထားသော အဖွဲ့ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment