Sunday, February 10, 2013

တရုတ်ရေတပ်၏ ရေဒါဖြင့် ချိန်ရွယ်မှုကို ဂျပန်က သက်သေထုတ်ပေးဖွယ်ရှိ

တရုတ်ရေတပ်၏ ရေဒါဖြင့် ချိန်ရွယ်မှုကို ဂျပန်က သက်သေထုတ်ပေးဖွယ်ရှိ PDF Print


ha-10-2-9ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည့် တရုတ်စစ်သင်္ဘောကို တွေ့ရစဉ်
ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက်တွင် တရုတ် စစ်သင်္ဘောတစ်စီးက ဂျပန်သင်္ဘောတစ်စီးကို ပစ်ခတ်ရန် ရည်ရွယ်သော ရေဒါစက်ကွင်းဖြင့်
ချိန်ရွယ်ခဲ့ကြောင်း ဂျပန်အစိုးရ၏ အဆိုကို တရုတ်အစိုးရက ငြင်းဆိုခဲ့ပြီးနောက် ယင်းစွပ်စွဲချက် မှန်ကန်ကြောင်း သက်သေထုတ်ဖော်ရန် စဉ်းစားနေကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။
သက်သေဖွင့်ချပြနိုင်မည့် အတိုင်းအတာကို အစိုးရက စဉ်းစားသုံးသပ်လျက် ရှိကြောင်း ဂျပန်ကာကွယ်ရေး ၀န်ကြီး အီဆုနိုရီအွန်နီုဒယ်ရာက ဖေဖော်ဝါရီလ ၉ ရက်က ရုပ်သံအစီအစဉ် တစ်ခုတွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရ အနေဖြင့် ယင်းဖြစ်ရပ် အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း ၀န်ခံပြီး ၀န်ချတောင်းပန်ရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုခဲ့ပြီး နောက်တစ်နေ့တွင် ယင်းသို့ကြေညာခဲ့ခြင်း ဖြစ်သည်။
တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကမူ ယင်းစစ်သင်္ဘောတွင် တပ်ဆင်ထားသော ရေဒါသည် သာမန် လုပ်ဆောင်ချက်များကိုသာ လုပ်ဆောင်လျက်ရှိပြီး ပစ်ခတ်မှုကို ထိန်းချုပ်နိုင်သော ရေဒါတပ်ဆင်ထားခြင်း မရှိဟုဆိုကာ အဆိုပါ စွပ်စွဲချက်အား ငြင်းဆိုခဲ့သည်။
ယင်းဖြေရှင်းချက်အား လက်သင့်မခံနိုင်ကြောင်း ဂျပန်နိုင်ငံခြားရးဝန်ကြီး ဖူမီအိုကီရှီဒါက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၉ ရက်ကလည်း ဂျပန်ရဟတ်ယာဉ်တစ်စင်းကို တရုတ်စစ်သင်္ဘောတစ်စီးက ရေဒါစက်ကွင်းဖြင့် ချိန်ရွယ်ခဲ့ကြောင်း ဂျပန်အစိုးရက စွပ်စွဲခဲ့သည်။
အဆိုပါ ဖြစ်ရပ်များသည် နှစ်နိုင်ငံ ရေတပ်တပ်ဖွဲ့များက အငြင်းပွား ရေပိုင်နက်အတွင်း ထိန်းချုပ်မှုများ ပြုလုပ်လာသည်ကို ပထမဆုံးအကြိမ်အဖြစ် ထင်ရှားစေခဲ့သည်။
Ref:AFP
EMG

No comments:

Post a Comment