Sunday, February 10, 2013

အတည်ပြုပြီးသား ဆိုက်ဘာရာဇ၀တ်မှု ဥပဒေကို ဖိလစ်ပိုင်တရားရုံးချုပ်က ထပ်မံပိတ်ပင်


ha-10-2-8ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အင်တာနက် ကဖေးတစ်ခုတွင် အင်တာနက် အသုံးပြုနေသူများကို တွေ့ရစဉ်
၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့သော ဖိလစ်ပိုင်၏ အငြင်းပွားဖွယ် ဆိုက်ဘာရာဇ၀တ်မှု ဥပဒေပြဌာန်းမှုကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တရားရုံးချုပ်က ထပ်မံပိတ်ပင်ခဲ့သည်။ အင်တာနက်
လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထိန်းချုပ်နိုင်မည့် အဆိုပါ ဥပဒေအပေါ် စိုးရိမ်ပူပန်နေချိန်တွင် ပိတ်ပင်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဆိုက်ဘာရာဇ၀တ်မှု ဥပဒေကို တရားရုံးချုပ်က ယာကီကန့်သတ်မိန့် (TRO) ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု တရားရေးဝန်ကြီး လိုင်လာဒီလီမာက ဆိုသည်။
"တရားရုံးရဲ့ လွတ်လပ်စွာ ဆုံးဖြတ်မှုကို အဆိုတင်သွင်းမှာဖြစ်ပြီး TRO တိုးချဲ့ ထုတ်ပြန်မှုကိုလည်း လေးစားလိုက်နာပါတယ်။ လုံးဝရှုံးနိမ့်တာမျိုး မဟုတ်ပါဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားဝင် ထုတ်ပြန်မှုကို ယာယီကန့်သတ်ထားရုံမျှသာ ဖြစ်တယ်" ဟု လီမာက ဆိုသည်။
လိမ်လည်မှု၊ အထောက်အထား ခိုးယူမှု၊ မလိုအပ်သော မေးလ်များပို့မှုနှင့် ညစ်ညမ်းပုံများ ဖြန့်ချိမှုကဲ့သို့သော ဆိုက်ဘာရာဇ၀တ်မှုများကို နှိမ်နင်းရန်အတွက် ဆိုက်ဘာရာဇ၀တ်မှု ဥပဒေကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် သမ္မတ ဘင်နစ်နိုအကွီနိုက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အွန်လိုင်း အသရေဖျက်မှုအတွက် ချမှတ်သည့် ထောင်ဒဏ်သက်တမ်းများပြားခြင်း၊ ၀က်ဘ်ဆိုက်များကို ပိတ်ပစ်ရန်အတွက် နိုင်ငံတော် အာဏာပေးအပ်ခြင်းနှင့် အွန်လိုင်း တက်ကြွလှုပ်ရှားမှုများအား စောင့်ကြည့်ရန် သတ်မှတ်ပြဌာန်းခြင်းနှင့် ပတ်သက်ပြီး အတိုက်အခံများက ဆန့်ကျင်ဝေဖန်ခဲ့ကြသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောကြားမှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းမှုကို ချိုးဖောက်ဖွယ်ရှိသောကြောင့် အဆိုပါ ဥပဒေကို ကြည့်ရှုစစ်ဆေးရန်အတွက် တရားရုံးချုပ်က ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် လေးလပိတ်ပင်ခဲ့ပြီးဖြစ်သည်။
Ref:AFP
EMG

No comments:

Post a Comment