Tuesday, February 12, 2013

တမူးမြို့ နန်းသလက်ချောင်းတံတားအား ကသည်းလက်နက်ကိုင်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီး

အဆိုပါကြေငြာချက်တွင် တမူးမြို့နန်းသလက်ေ ချာင်းတံတား၊   ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့်ပတ် သက်၍ အထက်ချင်းတွင်းဒေသ  လူငယ်များကွန်ရက်က သဘော ထားအမြင်ထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။

ကဘောချိုင့်ဝှမ်းဒေသ အား    ကသည်းလက်နက်ကိုင်အဖွဲ့များမှ   အမျိုးမျိုးခြိမ်းခြောက်ဖျက်ဆီးနေမှု အပေါ် လုံးဝကန့်ကွက်ကြောင်း၊    ကသည်းသောင်းကျန်းသူအဖွဲ့မှ    ပြောကြားသော မဏိပူပြည်နယ် သည် ၎င်းတို့နှင့်သက်ဆိုင်ကြောင်း      ဗမာခွေးများနှင့်မသက်ဆိုင်ပါဟူ သော အသုံးအနှုန်းအား ကျွန်ုပ် တို့မြန်မာနိုင်ငံအား စော်ကားသည်  ဟုယူဆကြောင်း၊လက်နက်ကိုင် သောင်းကျန်းခြင်း ဗုံးထောင်ဖျက် ဆီးခြင်း၊လက်နက်ရောင်းဝယ်မှုများ ပြုလုပ်ခြင်း၊မူးယစ်ဆေးဝါးကိစ္စရပ် များတွင် ဦးဆောင်ပါဝင်မှုရှိနေ သော ကသည်းသောင်းကျန်းသူ များအား မြန်မာနိုင်ငံတော်နယ်နိ မိတ်အတွင်းမှ မောင်းထုတ်ပေးရန်၊     လိုလားကြောင်း၊မြန်မာနိုင်ငံနှင့် ကဘော်ဒေသတိုင်းရင်းသားလူမျိုး များ၏ အသက်အိုးအိမ်စည်းစိမ်  အား ခြိမ်းခြောက်နေသော အာသံ မဏိပူဒေသရှိ ကသည်းသောင်း ကျန်းသူများအား တည်ဆဲဥပဒေ     အရ အရေးယူရန်နှင့်နိုင်ငံတော်  အစိုးရတာဝန်ရှိသူများနှင့်အတူ အထက်ချင်းတွင်းဒေသ လူငယ်  များ ကွန်ရက်မှပူးပေါင်းဆောင်ရွက်  ရန်အသင့်ရှိကြောင်း၊ ပြည်ထောင်  စု အမျိုးသားလွတ်မြောက်ရေး တပ်ဦးအနေဖြင့် ကဘော်ချိုင့်ဝှမ်း    သည် မိမိတို့ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားရှိခဲ့ပါက    ဒေသတွင်း လက်နက်ကိုင်သောင်း ကျန်းခြင်းမိုင်းများအသုံးပြု ဖျက် ဆီးဖောက်ခွဲခြင်းများဖြင့် ဒေသနေ   ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း မပြုဘဲ နိုင်ငံတာရေးရာနှင့်သက် ဆိုင်သောတရားစီရင်ရေးရုံးများ တွင် မြန်မာနိုင်ငံတော်အစိုးရနှင့် ဥပဒေအတိုင်းဖြေရှင်းရန်လိုကြောင်း၊     လွှတ်တော်များတွင် ကသည်း လက်နက်ကိုင်သောင်းကျန်းသူများ    ကိစ္စအား အမြန်ဆုံးညှိနှိုင်းတင်ပြ ဖြေရှင်းပေးရန်နှင့်အထက်ချင်းတွင်း     ဒေသလူငယ်များကွန်ရက်နှင့်  ကဘော်ဒေသအဖွဲ့အစည်းအသီး သီးမှ ဒေသတွင်းလုံခြုံရေးနှင့်နိုင်ငံ  သားအခွင့်အရေးများထိပါးစော် ကားလာမည်ဆိုပါက ဒေသတွင်း   တည်ငြိမ်အေးချမ်းရေးကို ရှေးရှု ကာမည်သည့်ဌာန အဖွဲ့အစည်း များနှင့်မဆိုပူးပေါင်းဖြေရှင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း စသည် တို့ပါဝင်သည်။

မင်းရဲစစ်နိုင်
HotNewsJournal

No comments:

Post a Comment