Saturday, February 2, 2013

လာမည့် ဒီဇင်ဘာတွင်ပြုလုပ်မည့် Sea Game ပြိုင်ပွဲတွင် ဆက်သွယ်ရေးနည်းပညာနှင့် ပတ်သက်၍ Huawei သို့ ကမ်းလှမ်းပါက အကူအညီပေးသွားမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် နည်းပညာပိုင်းအား Huawei ကုမ္ပဏီသို့ ကမ်းလှမ်းလာပါက အတတ်နိုင်ဆုံး ကူညီသွားမည်ဖြစ်ကြောင်းHuawei ကုမ္ပဏီမှ General Director Chen Xiao Yong က ဇန်န၀ါရီ  ၃၀
ရက်နေ့တွင် ပြောကြားခဲ့သည်။
Huawei ကုမ္ပဏီ အနေဖြင့် လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပွဲတွင် ဆက်သွယ်ရေးနှင့် လိုအပ်သည့် အချက်အလက်များအပြင် ဆက်သွယ်ရေးပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများနှင့် အပြင်အဆင်များကိုလည်း ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Chen Xiao Yong ကပင် ဆက်လက်၍ '' ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာ့ဆက်သွယ်ရေးဘက်က ကမ်းလှမ်းလာရင် ကူညီဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုပွဲမျိုးဆိုတာ တစ်ခါမှ လုပ်ဖူးတဲ့ ပွဲမျိုးလည်း မဟုတ်တော့ အတွေ့အကြုံဆိုတာ  မရှိသလောက် နည်းပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာပွဲတွေမှာ လုပ်ဖူးလာတာဆိုတော့ အတွေ့အကြုံက အများကြီးပါပဲ။ ဘယ်လိုပြင်ဆင်ရမယ်၊ ဆက်သွယ်ရေးအပိုင်းတွေကို ဘယ်လိုပြင်ဆင်ရင် ကောင်းမလဲ ဆိုတာတွေ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက တာဝန်ယူပြီး လုပ်မဲ့ပွဲမှာ ကူညီချင်တာပါ''ဟု ပြောသည်။
ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်စဉ်က  လာမည့် ဆီးဂိမ်းအတွက် ရည်ရွယ်ကာ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ပစ္စည်းကိရိယာ ဒေါ်လာ သုံးသန်းဖိုး လှူဒါန်းခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment