Sunday, February 10, 2013

မြန်မာနိုင်၏ အမြင့်ဆုံး အထပ်မြင့်တာဝါ တစ်ခုကို ရန်ကုန်မြို့လယ်တွင် တည်ဆောက်ရန် ထပ်မံအဆိုပြု၊ Shwe Gone Office & Apartment Tower အမည်ဖြင့် အထပ် ၄၄ ထပ် အမြင့်ထိ ဆောက်ရန်စီစဉ်နေ





2.10.1December Construction မှ ၄၄ ထပ် အမြင့်အထိဆောက်ရန် အဆိုပြုထားသော Shwe Gone Office & apartment Tower တည်ဆောက်မည့်နရာ
ရန်ကုန်မြို့လယ်တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတာဝါ တစ်ခုအား တည်ဆောက်ရ December Construction မှ
အဆိုပြုထားကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရပါသည်။
Shwe Gone Office & Apartment Tower အမည်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး အထပ် ၄၄ ထပ် အမြင့်အထိ တည်ဆောက်မည်ဖြစ်ရာ အကယ်၍ တည်ဆောက်ခွင့် ရပါက အမြင့်ဆုံး တာဝါတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့မရုပ်ရှင်ရုံနှင့် ရွှေဂုံရုပ်ရှင်ရုံ နေရာတွင် တည်ဆောက်ရန် စီစဉ်ထားပြီး Sakura တာဝါ၊ Traders Hotel တို့နှင့် အနီးကပ်ဆုံးတွင် အထပ်အမြင့်ဆုံးအဖြစ် တည်ဆောက်မည့် အစီအစဉ်ဖြစ်သည်။
December Construction မှာ ဟိုတယ်နှင့် တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ ဟိုတယ်ရွှေဂုံတိုင်ဖွင့်ခြင်း၊ အိမ်ရာ တည်ဆောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။
မြန်မာနိုင်ငံတွင် အထပ်အမြင့်ဆုံး အဆောက်အအုံအဖြစ် ရွှေတောင် ကုမ္ပဏီမှ လဟာပြင်ဈေး နေရာတွင် ၃၄ ထပ် အဆောက်အအုံကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ရွှေတောင်ကုမ္ပဏီမှ ဗိုလ်ချုပ်ဈေး လဟာပြင်မြေကွက်တွင် ဆောက်လုပ်မည်ဖြစ်ရာ ယင်းမြေကွက်အား ငှားရမ်းခြင်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ မကြာမီ စာချုပ် ချုပ်ဆိုတော့မည် ဖြစ်သည်။
လဟာပြင်ဈေး နေရာမှာ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေကွက်ဖြစ်ပြီး လက်ရှိတွင် မည်သည့်လုပ်ငန်းမှ လုပ်ကိုင်ခြင်း မရှိသေးဘဲ မြေကွက်အလွတ်သာ ဖြစ်ကြောင်း၊ ရွှေတောင်ကုမ္ပဏီအား ငှားရမ်းခ ဈေးနှုန်းအား စာချုပ်ချုပ် ဆိုမှသာ သတ်မှတ်မည်ဖြစ်ပြီး မည်သည့် အချိန်ကာလအထိ ငှားရမ်းမည် ဆိုသည်ကိုလည်း ယင်းအချိန်မှသာ သတ်မှတ်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ ထုတ်ပြန်ထားသည်။
EMG

1 comment:

  1. ရန်ကုန်မှာတခြားမြို့တွေနဲ့မတူတာရှိပါတယ်။ ဒါကတော့ဘာသာရေ၊သမိုင်းဝင်အဆောက်အဦးတွေရှိတယ်ဆိုတာပါဘဲ၊ရန်ကုန်မြစ်ဝကကြည့်ရင်ရွှေတိဂုံဘုရားကြီးကိုဝင်းနေအောင်မြင်ရတဲ့အလှဟာဗုဒ္ဒဘာသာဝင်သာမကနိုင်ငံခြားသား touristတွေကိုပါပဒါသဖြစ်စေပါတယ်။ဒီ့high rise တွေဆောက်ခြင်တိုင်းဆောက်နေမယ်ဆိုရင်ရန်ကုန်မြို့ဟာSingapore လို cosmopolis သာဖြစ်လာမှာပါ။ Singapore မှာcultural heritage ဆိုတာဟုတ်တိပတ်တိမရှိပါဖူး။မရှိတာကိုအရှိလုပ်နေရတာပါ။ရန်ကုန်မှာကအများကြီး။Urban development လုပ်ရမှာမှန်ပေမဲ့ဒီလိုတွေရှိတဲ့မြို့လယ်ကိုspare လုပ်သင့်ပါတယ်။Parameter သတ်မှတ်ပေးပြီးတခြားနေရာတွေမှာသာဆောက်ပါစေ။ပြီးမြို့ထဲမှာကအရင်စည်ပင်လက်တက်ကလုပ်ချင်တိုင်းလုပ်ခဲ့လို့မွန်းကျပ်အကျည်းတန်နေပါပြီ။ငါရဖို့သာကြည့်တဲ့အတ္တသမားတွေရဲ့proposalတွေကိုဆင်ချင်ကြပါ။ဘုရားကိုပိတ်၊မြို့နေလူထုကိုဒုက္ခမပေးပါနဲ့။ငရဲသားတွေရဲ့လမ်းမလိုက်ချင်ကြပါနဲ့။

    ReplyDelete