Friday, March 29, 2013

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ

မတ်လ ၂၉ ရက်၊ ၂၀၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက်လာသူ ၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူ(၃)ဦးကို စစ်ဆေးမေးမြန်းပြီး ငွေတုများကို ပေးဆောင်သူ(၃)ကို နဂါးနှစ်ကောင်ဟိုတယ်တွင် ဖမ်းဆီးရမိကား ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရ ကျန်သည့် ငွေတုများကို သိမ်းစည်းထားသည့် သူကို ထပ်မံ စစ်ဆေးရှာဖွေရာ မြေမြင့်ရပ်ကွက်နေသူတစ်ဦး၏ လယ်ကွင်းအတွင်း တွင် ကြွပ်ကြွပ်အိတ်ဖြင့်စွန့်ပစ်ထားသော (၅၀၀၀) တန်အတု အရွက် (၆၀၀) ငွေကျပ် (သိန်း၃၀) ကိုထပ်မံ သိမ်းဆည်း ရမိကြောင်းသိရှိရသည်။

ငွေစက္ကူအတုကိုင်ဆိုင်သူ (၇)ဦးကို မြစ်ကြီးနား အမှတ်(၂) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်း ချက်အရ ၎င်းငွေများကို တရုတ်နိုင်ငံ ကျောက်ပွဲစားတစ်ဦးထံမှရရှိခြင်းဖြစ်ကြောင်း၊ ၅၀၀၀တန် ငွေတု အရွက်(၁၀၀၀) တန်ဖိုးငွေသိန်း(၅၀)ကို ပထမဆုံးပေးပြီး မြန်မာနိုင်ငံအတွင်းတွင် အသုံးပြုရန်နှင့် အဆင်ပြေပါက နောက်ထပ် အရွက် (၁၀၀၀) ထပ်မံပေးဆောင်မည်ဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏ပြောပြ ချက်အရ သိရှိရပါသည်။ ငွေစက္ကူများသည် တရုတ်နိုင်ငံ ရင်ကျန်း၊ ထိန်ချုံးဒေသမှ ဆဒုံး-ကန်ပိုက်တီး လမ်းကြောင်းအတိုင်း မြစ်ကြီးနားသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းစစ်ဆေးချက်အရသိရှိရပါသည်။

မြစ်ကြီးနားမြို့တွင်ပျံ့နှံ့နေသော ၅၀၀၀တန် ငွေစက္ကူ အတုများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ သိမ်းဆည်းခဲ့ကြကြောင်း၊ ငွေတု ယူဆောင်သုံးစွဲသူ (၇) ကို ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရှိရသည်။ မြစ်ကြီးနားမြို့ခံများနှင့် ငွေစက္ကူ အတုများထွက်ပေါ်နေခြင်းကြောင့် စိုးရိမ်ပူပန်မှုများရှိနေပြီး တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အသိပေး နိုးဆော်ထားကြောင်းသိရှိရပါသည်။

Kachin Daily News


http://www.facebook.com/ZinYawNews ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ် ဆိုင် တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရ မိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူ ရန်ရောက်လာသူ ၃ ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူ(၃)ဦးကို စစ်ဆေးမေးမြန်းပြီး ငွေတုများကို ပေးဆောင်သူ(၃)ကို နဂါးနှစ်ကောင်ဟိုတယ်တွင် ဖမ်းဆီးရမိကား ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရ ကျန်သည့် ငွေတုများကို သိမ်းစည်းထားသည့် သူကို ထပ်မံ စစ်ဆေးရှာဖွေရာ မြေမြင့်ရပ်ကွက်နေသူတစ်ဦး၏ လယ်ကွင်းအတွင်း တွင် ကြွပ်ကြွပ် အိတ်ဖြင့် စွန့်ပစ်ထားသော (၅၀၀၀) တန်အတု အရွက် (၆၀၀) ငွေကျပ် (သိန်း၃၀) ကိုထပ်မံ သိမ်းဆည်း ရမိကြောင်းသိရှိရသည်။

ငွေစက္ကူအတုကိုင်ဆိုင်သူ (၇)ဦးကို မြစ်ကြီးနား အမှတ်(၂) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်း ချက်အရ ၎င်းငွေများကို တရုတ်နိုင်ငံ ကျောက်ပွဲစားတစ်ဦးထံမှရရှိခြင်းဖြစ်ကြောင်း၊ ၅၀၀၀တန် ငွေတုအရွက်(၁၀၀၀) တန်ဖိုးငွေသိန်း(၅၀)ကို ပထမဆုံးပေးပြီး မြန်မာနိုင်ငံအတွင်းတွင် အသုံးပြုရန်နှင့် အဆင်ပြေပါက နောက်ထပ် အရွက် (၁၀၀၀) ထပ်မံပေးဆောင်မည်ဖြစ်ကြောင်း ဖမ်းဆီး ရမိသူများ၏ပြောပြ ချက်အရ သိရှိရပါသည်။ ငွေစက္ကူများသည် တရုတ်နိုင်ငံ ရင်ကျန်း၊ ထိန်ချုံးဒေသမှ ဆဒုံး-ကန်ပိုက်တီး လမ်းကြောင်းအတိုင်း မြစ်ကြီးနားသို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း စစ်ဆေးချက်အရ သိရှိရပါသည်။

မြစ်ကြီးနားမြို့တွင်ပျံ့နှံ့နေသော ၅၀၀၀တန် ငွေစက္ကူ အတုများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ သိမ်းဆည်းခဲ့ကြကြောင်း၊ ငွေတု ယူဆောင်သုံးစွဲသူ (၇) ကို ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရှိရ သည်။ မြစ်ကြီးနားမြို့ခံများနှင့် ငွေစက္ကူ အတုများထွက်ပေါ်နေခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ရှိနေပြီး တွေ့ ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အသိပေး နိုးဆော်ထားကြောင်းသိရှိရပါသည်။

Kachin Daily News



No comments:

Post a Comment