Friday, March 29, 2013

ပြည်သူနှင့် အစိုးရပူးပေါင်းခြင်းဖြင့် အကြမ်းဖက်မှုများအား တားဆီးနိုင်

Photo: ပြည်သူနှင့် အစိုးရပူးပေါင်းခြင်းဖြင့် အကြမ်းဖက်မှုများအား တားဆီးနိုင်
Friday, March 29, 2013

လွန်ခဲ့သည့် လေးလခန့်က တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်း
တောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ဒေသခံများအပါအဝင် ရဟန်းရှင်လူပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် နှိမ်နင်း
မှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှု မရှိပါက လစဉ် ၂၉ ရက်နေ့များ
တွင် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း ကိုဝေဠုက ပြောကြားသည်။

“ဒီမိုကရေစီနဲ့ ပတ်သက်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ ပေးလာ
ပြီဆိုလို့ရှိရင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေ
တောင်းဆိုမှုတွေ လုပ်ကိုလုပ်မှာ ဖြစ်ပါတယ်။  ဒီလိုမျိုး ဆန္ဒပြတောင်းဆို
တယ် ဆိုတာက ကျွန်တော်တို့က အစိုးရကို အစိုးရလို့ အသိအမှတ်ပြုလို့
တောင်းဆိုတာဖြစ်တယ်။ အစိုးရလို့ အသိအမှတ်မပြုလို့ရှိရင် တခြားနည်း
လမ်းတွေနဲ့ ပုန်ကန်တော်လှန်ဖို့ပဲရှိတယ်။” ဟု ဆန္ဒဖော်ထုတ်သူ တစ်ဦးဖြစ်
သူ ကိုမိုးသွေးက ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ
ကို ပြောကြားသည်။

အစိုးရဟု သတ်မှတ်၍ တောင်းဆိုခြင်းကို အစိုးရဘက်မှလည်း လေးစားစွာဖြင့်
ပြည်သူ့ဘက်သို့ တုန့်ပြန်ရန်လိုအပ်ပြီး၊ နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ အသွင်
ကူးပြောင်းနေချိန် အစိုးရနှင့် ပြည်သူတို့ကြားတွင် အပြည့်အဝ ယုံကြည်မှု
ရှိရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။

ပြည်သူ့ယုံကြည်မှုကို ရရှိရန်မှ ပြည်သူတို့၏အသံ ပြည်သူတို့၏ ဆန္ဒကို လေးလေးစားစား နားထောင်၍ မျက်ကွယ်မပြုသင့်သလို၊ မီးလောင်ဗုံးဖြင့် တိုက်ခိုက်သကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ
မှ ပြည်သူတို့ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း၊ လက်ရှိအစိုးရ
ပြောသည့် စကားအတိုင်း အရပ်သားအစိုးရ၊ ဒီမိုကရေစီ အစိုးရ စစ်စစ်အဖြစ် မြင်တွေ့ချင်ကြောင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖော်ထုတ်ခြင်းဖြင့် ပြည်သူနှင့် အစိုးရကြားတွင် 
ယုံကြည်မှု တည်ဆောက် သွားစေလိုကြောင်းလည်း ဆက်လက်
ပြောကြားသည်။

“အရင်တုန်းက ဥပဒေရဲ့ အထက်မှာ တစ်ဦးတစ်ယောက်မှ မရှိဘူးဗျ။ ခုကျတော့ ဥပဒေရဲ့ အထက်မှာ အုံလိုက်ကျင်းလိုက်နဲ့ကို ထိုင်နေတဲ့
သဘောမျိုးတွေ ကျွန်တော်တို့ မြင်နေရတယ။်” ဟု တရားဥပဒေ စိုးမိုး
ရေးပုံစံ ပြင်ဆင်သင့်ကြောင်းနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုအောင်သူက ပြောကြားသည်။

ဒေသခံ ပြည်သူများနှင့် ဆွေးနွေးတိုင်ပင်၍ သဘောတူညီချက်ရမှာ
သာ လုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်းပြီး ယင်းဒေသမှ သယံဇာ
တများကို ကျောက်မျက်များကို ထုတ်ဖော်မည်ဆိုပါက ဒေသခံပြည်
သူတို့၏ သဘောတူညီချက် မရရှိဘဲ မလုပ်ဆောင်သင့်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ပြည်သူနှင့် အစိုးရ ပူးပေါင်းပြီး ဟန်ချက်ညီညီဖြင့် တရားဥပဒေ စိုးမိုးရေးကို ဖော်ထုတ်နိုင်မည် ဆိုပါက မြန်မာပြည်တွင်း၌ ဖြစ်ပွား
လျက်ရှိသော အကြမ်းဖက်မှုများ အမြန်ဆုံး ပျောက်ကွယ်သွားမည်
ဖြစ်ပြီး တရားဥပဒေ စိုးမိုးနိုင်ရေးအတွက် လက်ပံတောင်းတောင် ကြေး
နီစီမံကိန်းတွင် လွန်ခဲ့သည့် လေးလခန့်က ဖြစ်ပွားခဲ့သော အစိုးရ ရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို အမြန်ဆုံးဖော်ထုတ် အရေးယူခြင်းဖြင့် ပြည်သူများနှင့် လက်တွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကို ဝေဠုကလည်း ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်စေရန် ရည်ရွယ်၍ သပိတ်စခန်းများ ဖွင့်လှစ်ပြီး ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ကြသော
ကြောင့် အစိုးရမှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က သပိတ်စ
ခန်းများအား အင်အားသုံး အကြမ်းဖက်မှုကြောင့် သံဃာတော်
များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ အတော်တော်များများတွင် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသလို အစိုးရ တာဝန်ရှိသူများမှလည်း ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ စသည့် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူမှုများလည်း ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်သူများအား အမြန်ဆုံး အ
ရေးယူပေးရန်နှင့် အရေးယူဆောင်ရွက်ခြင်း မရှိပါကလက်ပံတောင်းတောင်
 သပိတ်စခန်းများအား အကြမ်းဖက် နှိမ်နင်းခဲ့သည့် ၂၉ ရက်နေ့တိုင်းတွင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ညနေ
က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလေးလပြည့် အဖြစ် ဆန္ဒဖော်
ထုတ်ခဲ့ကြသူများမှ ပြောကြားသည်။

ဝေယံ
The Myanma Age လွန်ခဲ့သည့် လေးလခန့်က တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်း တောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်း ခဲ့ မှုကြောင့် ဒေသခံများအပါအဝင် ရဟန်းရှင်လူပြည်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းမှုတွင် ပါဝင် ပတ်သက်သူများကို အရေးယူမှု မရှိပါက လစဉ် ၂၉ ရက်နေ့များတွင် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင် သွား မည်ဖြစ်ကြောင်း ကိုဝေဠုက ပြောကြားသည်။

“ဒီမိုကရေစီနဲ့ ပတ်သက်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ ပေးလာပြီဆိုလို့ရှိရင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဆန္ဒပြမှုတွေတောင်းဆိုမှုတွေ လုပ်ကိုလုပ်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆန္ဒပြတောင်းဆိုတယ် ဆိုတာက ကျွန်တော်တို့က အစိုးရကို အစိုးရလို့ အသိအမှတ်ပြု လို့တောင်း ဆိုတာဖြစ်တယ်။ အစိုးရလို့ အသိအမှတ်မပြုလို့ရှိရင် တခြားနည်းလမ်းတွေနဲ့ ပုန်ကန်တော် လှန်ဖို့ပဲ ရှိတယ်။” ဟု ဆန္ဒဖော်ထုတ်သူ တစ်ဦးဖြစ်သူ ကိုမိုးသွေးက ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများကို ပြောကြားသည်။

အစိုးရဟု သတ်မှတ်၍ တောင်းဆိုခြင်းကို အစိုးရဘက်မှလည်း လေးစားစွာဖြင့်ပြည်သူ့ဘက်သို့ တုန့်ပြန်ရန် လိုအပ်ပြီး၊ နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းနေချိန် အစိုးရနှင့် ပြည်သူတို့ကြားတွင် အပြည့်အဝ ယုံကြည်မှုရှိရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။

ပြည်သူ့ယုံကြည်မှုကို ရရှိရန်မှ ပြည်သူတို့၏အသံ ပြည်သူတို့၏ ဆန္ဒကို လေးလေးစားစား နားထောင်၍ မျက်ကွယ်မပြုသင့်သလို၊ မီးလောင်ဗုံးဖြင့် တိုက်ခိုက်သကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများမှ ပြည်သူတို့ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း၊ လက်ရှိအစိုးရပြောသည့် စကားအတိုင်း အရပ်သားအစိုးရ၊ ဒီမိုကရေစီ အစိုးရစစ်စစ်အဖြစ် မြင်တွေ့ချင်ကြောင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်၍ တာဝန်ရှိ သူများ ကို ဖော်ထုတ်ခြင်းဖြင့် ပြည်သူနှင့် အစိုးရကြားတွင် ယုံကြည်မှု တည်ဆောက် သွားစေ လိုကြောင်း လည်းဆက်လက်ပြောကြားသည်။

“အရင်တုန်းက ဥပဒေရဲ့ အထက်မှာ တစ်ဦးတစ်ယောက်မှ မရှိဘူးဗျ။ ခုကျတော့ ဥပဒေရဲ့ အထက်မှာ အုံလိုက်ကျင်းလိုက်နဲ့ကို ထိုင်နေတဲ့သဘောမျိုးတွေ ကျွန်တော်တို့ မြင်နေရတယ။်” ဟု တရားဥပဒေ စိုးမိုး
ရေးပုံစံ ပြင်ဆင်သင့်ကြောင်းနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုအောင်သူ က ပြောကြားသည်။

ဒေသခံ ပြည်သူများနှင့် ဆွေးနွေးတိုင်ပင်၍ သဘောတူညီချက်ရမှာသာ လုပ်ငန်းများ ဆောင် ရွက် သင့်ကြောင်းပြီး ယင်းဒေသမှ သယံဇာတများကို ကျောက်မျက်များကို ထုတ်ဖော်မည်ဆိုပါက ဒေသ ခံပြည် သူတို့၏ သဘောတူညီချက် မရရှိဘဲ မလုပ်ဆောင်သင့်ကြောင်းလည်း ဆက်လက်ပြော ကြားသည်။

ပြည်သူနှင့် အစိုးရပူးပေါင်းပြီး ဟန်ချက်ညီညီဖြင့် တရားဥပဒေစိုးမိုးရေးကို ဖော်ထုတ်နိုင်မည် ဆိုပါက မြန်မာပြည်တွင်း၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ အမြန်ဆုံး ပျောက်ကွယ်သွားမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးနိုင်ရေးအတွက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လွန်ခဲ့သည့် လေးလခန့် က ဖြစ်ပွားခဲ့သော အစိုးရ ရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို အမြန်ဆုံးဖော် ထုတ် အရေးယူခြင်းဖြင့် ပြည်သူများနှင့် လက်တွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကို ဝေဠုကလည်း ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်စေရန် ရည်ရွယ်၍ သပိတ်စခန်းများ ဖွင့်လှစ်ပြီး ဆန္ဒဖော် ထုတ်ပွဲများ ပြုလုပ်ခဲ့ကြသောကြောင့် အစိုးရမှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က သပိတ် စခန်း များအား အင်အားသုံး အကြမ်းဖက်မှုကြောင့် သံဃာတော်များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ အတော်တော်များများတွင် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသလို အစိုးရ တာဝန်ရှိသူများမှလည်း ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ စသည့် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူမှုများလည်း ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်သူများအား အမြန်ဆုံးအရေးယူပေးရန်နှင့် အရေး ယူဆောင်ရွက်ခြင်း မရှိပါကလက်ပံတောင်းတောင်သပိတ်စခန်းများအား အကြမ်းဖက် နှိမ်နင်းခဲ့သည့် ၂၉ ရက်နေ့တိုင်းတွင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ညနေက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလေးလပြည့် အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသူများမှ ပြောကြားသည်။

ဝေယံ
The Myanma Age

No comments:

Post a Comment