Wednesday, March 20, 2013

ကားတင်သွင်းရာတွင် မမှန်မကန်လုပ်သည့် ကုမ္ပဏီ ၂၀ကျော် အမည်ပျက်စာရင်းသွင်းမည်

ကားတင်သွင်းရာတွင် မမှန်မကန်လုပ်သည့် ကုမ္ပဏီ ၂၀ကျော် အမည်ပျက်စာရင်းသွင်းမည်
Wednesday, March 20, 2013

ကားတင်သွင်းရာ၌ မမှန်မကန်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီ ၂၀ ကျော်အား အမည်ပျက် (Black List)စာရင်းသွင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

၎င်းကုမ္ပဏီ ၂၀ ကျော်သည် ကားအစီးရေ ၆၈၃ စီးကို မမှန်မကန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုအရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းဖြင့် စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ခေါင်းဆောင် စီးပွားကူးသန်းဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဒုညွှန်ချုပ် ဦးညွန့်အောင်က ပြောသည်။

မကြာမီ အမည်ပျက် (Black List) စာရင်းကို ကြေညာမည်ဖြစ်ပြီး ယခု စစ်ဆေးလုပ်ဆောင်နေပြီဖြစ်ကြောင်း ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ပင်လယ်ရေကြောင်းများမှ ကားများတင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းရန် သတ်မှတ်ခွင့်ပြု ထားသည့် မော်ဒယ်ထက်နိမ့်သောကားများ မမှန်မကန်တင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းမှုများနှင့်ပတ်သက်၍ Automobile Policy ကို ရေးဆွဲနေကြောင်း၊ ထိုသို့ရေးဆွဲပြီးပါက တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်၊ ကောက်ခံမည့်အခွန်၊ ကားသုံးစွဲခွင့်သက်တမ်း စသည်များ စနစ်တကျရှိလာမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

7Day News Journal ကားတင်သွင်းရာ၌ မမှန်မကန်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီ ၂၀ ကျော် အား အမည်ပျက် (Black List) စာရင်းသွင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
၎င်းကုမ္ပဏီ ၂၀ ကျော်သည် ကားအစီးရေ ၆၈၃ စီးကို မမှန်မကန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုအရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းဖြင့် စားသုံးသူ အကာ အကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ခေါင်းဆောင် စီးပွားကူးသန်း ၀န်ကြီး ဌာန၊ နယ်စပ်ကုန်သွယ်ရေး ဒုညွှန်ချုပ် ဦးညွန့်အောင်က ပြောသည်။

မကြာမီ အမည်ပျက် (Black List) စာရင်းကို ကြေညာမည်ဖြစ်ပြီး ယခု စစ်ဆေး လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ပင်လယ်ရေကြောင်းများမှ ကားများတင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်း ရန် သတ်မှတ်ခွင့်ပြု ထားသည့် မော်ဒယ်ထက်နိမ့်သောကားများ မမှန်မကန်တင်သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းမှုများနှင့်ပတ်သက်၍ Automobile Policy ကို ရေးဆွဲနေကြောင်း၊ ထိုသို့ရေး ဆွဲပြီးပါက တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်၊ ကောက်ခံမည့်အခွန်၊ ကားသုံးစွဲခွင့်သက်တမ်း စသည်များ စနစ်တကျ ရှိလာမည်ဖြစ်ကြောင်း ၀န်ကြီးကဆိုသည်။

7Day News Journal

No comments:

Post a Comment