Tuesday, March 26, 2013

၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးနေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင်) နှင့် တွေ့ဆုံ

Photo: ၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံခရီးစဉ် နောက်ဆုံးနေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင်) နှင့် တွေ့ဆုံ
Tuesday, March 26, 2013

ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်တို့သည် မတ်လ ၂၅ ရက် နံနက် ၉း ၃၀ နာရီတွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံးသို့ ရောက်ရှိခဲ့ကြပြီး ထိုင်း ၀န်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ) Asst. Prof. Jaran Ditapichai နှင့် အချိန် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Sunai Chulpongsatorn လည်း အတူပါရှိခဲ့ပြီး ထိုင်းနိုင်ငံရေးအခြေအနေ၊ ထိုင်း - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှု နှင့် ရှေ့အလား အလာများကို ဆွေးနွေးခဲ့ကြသည်။ 

၈၈ မျိုးဆက်တို့က ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ ကိစ္စ၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်ကြီးတည်ဆောက်မည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားခဲ့ကြသည်။

မွန်းလွဲ ၂း ၀၀ နာရီတွင် ထိုင်းနိုင်ငံ ရုပ်မြင်သံကြားလိုင်း တစ်ခုဖြစ်သော PBS (Public Broadcasting Service) ရုံးတွင် ပြုလုပ်သော ၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံအတွေ့အကြုံ မေးမြန်းခန်းသို့ ၈၈မျိုးဆက်အဖွဲ့ ခေါင်းဆောင် ကိုကိုကြီးမှ တက်ရောက်ဆွေးနွေးဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံ ခရီးစဉ်အဖြစ် ၈ ရက်ကြာ သွားရောက်ခဲ့ကြသော ၈၈ မျိုးဆက်အဖွဲ့သည် မတ်လ၊ ၂၅ ရက် ည ၈း ၀၀ နာရီ အချိန်တွင် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ကြပြီး ရန်ကုန်လေဆိပ်သို့ ည ၉း ၁၅ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

88 Generation Students ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်တို့သည် မတ်လ ၂၅ ရက် နံနက် ၉း ၃၀ နာရီတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး သို့ ရောက်ရှိ ခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်၏ အကြံပေးအရာရှိ (ရှပ်နီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ) Asst. Prof. Jaran Ditapichai နှင့် အချိန် တစ် နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Sunai Chulpongsatorn လည်း အတူပါရှိခဲ့ပြီး ထိုင်းနိုင်ငံရေးအခြေအနေ၊ ထိုင်း - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှု နှင့် ရှေ့အလား အလာ များကို ဆွေးနွေးခဲ့ကြသည်။

၈၈ မျိုးဆက်တို့က ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကိစ္စ၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ် သမားများအရေးကိစ္စနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်ကြီးတည်ဆောက်မည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားခဲ့ကြသည်။

မွန်းလွဲ ၂း ၀၀ နာရီတွင် ထိုင်းနိုင်ငံရုပ်မြင်သံကြားလိုင်းတစ်ခုဖြစ်သော PBS (Public Broadcasting Service) ရုံးတွင် ပြုလုပ်သော ၈၈မျိုးဆက်တို့၏ ထိုင်းနိုင်ငံအတွေ့အကြုံ မေးမြန်းခန်းသို့ ၈၈မျိုးဆက် အဖွဲ့ ခေါင်းဆောင် ကိုကိုကြီးမှတက်ရောက်ဆွေးနွေးဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံခရီးစဉ်အဖြစ် ၈ ရက်ကြာ သွားရောက်ခဲ့ကြသော ၈၈ မျိုးဆက်အဖွဲ့သည် မတ်လ၊ ၂၅ ရက် ည ၈း ၀၀ နာရီ အချိန်တွင် ဘန်ကောက်မြို့မှထွက်ခွာခဲ့ကြပြီး ရန်ကုန်လေဆိပ်သို့ ည ၉း ၁၅ နာရီတွင် ပြန် လည်ရောက်ရှိခဲ့ကြသည်။

88 Generation Students

No comments:

Post a Comment