Tuesday, March 26, 2013

ရန်ကုန်မြို့ အခြေအနေ တည်ငြိမ်အေးချမ်း လျက်ရှိ

ရန်ကုန်မြို့ အခြေအနေ တည်ငြိမ်အေးချမ်း လျက်ရှိ

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ မတ် ၂ဝရက်က စတင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုကို မလိုလား မရှုဆိတ် သူတစ်စုက ရန်ကုန်မြို့၏တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် မင်္ဂလာဈေးနှင့် ယုဇန ပလာဇာတို့၌ ကောလာ ဟလများကြောင့် ဈေးဆိုင်ခန်း ပိတ်သိမ်းမှုများ ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ရပ်မှာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေလိုသူ အချို့၏ ကာလာဟလ စကားများကို ယုံကြည်မိရာမှ ယခုကဲ့သို့ ဈေးဆိုင် ပိတ်သိမ်းမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မည်သို့သော အကြမ်း ဖက်မှု၊ ဆူပူမှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် အသီးသီး၌ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက မြို့နယ်/ ရပ်ကွက်အလိုက် တည်ငြိမ် အေးချမ်းမှု ရှိအောင် အလေး ထား နှိုးဆော် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက်ရှိကြောင်းသိရသည်။                                   

 http://bit.ly/109FrxU မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ မတ် ၂ဝရက်က စတင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုကို မလိုလားမရှုဆိတ် သူတစ်စုက ရန်ကုန်မြို့၏တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် မင်္ဂလာဈေးနှင့် ယုဇနပလာဇာတို့၌ ကောလာ ဟလများကြောင့် ဈေးဆိုင်ခန်း ပိတ်သိမ်းမှုများ ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ရပ်မှာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေလိုသူအချို့၏ ကာလာဟလ စကားများကို ယုံကြည်မိရာမှ ယခုကဲ့သို့ ဈေးဆိုင်ပိတ်သိမ်းမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မည်သို့သော အကြမ်းဖက်မှု၊ ဆူပူမှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီး၌ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက မြို့နယ်/ရပ်ကွက်အလိုက် တည်ငြိမ်အေးချမ်းမှု ရှိအောင် အလေးထား နှိုးဆော် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ် အေးချမ်းလျက်ရှိကြောင်းသိရသည်။ 

No comments:

Post a Comment