Monday, March 4, 2013

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကို သမ္မတရှင်း

မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတမှ ခန့်အပ်ထားသူဖြစ်ပြီး လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်းနောက်ခံ အခြေအနေများအရ လတ်တလော အခြေအနေတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။


ယခုလ ၁ ရက်တွင် ဖင်လန်နိုင်ငံ သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် အရှိန်ရလာပြီဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များသည် နောက်ပြန်လှည့်၍ မရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောသည်။

မိမိတို့နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေပြီး အခက်အခဲများကို နိုင်ငံတကာအသိုင်းအ၀ိုင်း၏ နားလည်စာနာမှု ပူးပေါင်းကူညီမှုများဖြင့် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဦးသိန်းစိန်ကပြောသည်။
7DayNewsJournal

No comments:

Post a Comment