Monday, April 1, 2013

သေတ္တာထဲက ရွှေ ၁၀သားနဲ့ ငွေ ၇၅သိန်းကို ရွှေ ၁၀ သားနဲ့ ငွေ ၃သိန်း ချန် ခိုးသွားတာ သူခိုးရဲ့ မေတ္တာ၊ သစ္စာ၊ စေတနာများလား

သေတ္တာထဲက ရွှေ ၁၀သားနဲ့ ငွေ ၇၅သိန်းကို ရွှေ ၁၀ သားနဲ့ ငွေ ၃သိန်း ချန် ခိုးသွားတာ သူခိုးရဲ့ မေတ္တာ၊ သစ္စာ၊ စေတနာများလား
Monday, April 1, 2013

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဲပြင် ကျေးရွာတွင် ငွေကျပ် သိန်း(၇၀) ကျော်ခန့် ဖောက်ထွင်းအခိုးခံရ မှုဖြစ်ပွားကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ

(၂၈-၃-၂၀၁၃) ရက် နံနက် (၁၀း၂၀)အချိန်ခန့် က သဲပြင်ကျေးရွာနေ မကေသွယ် မိုး(၃၂)နှစ်သည် နေအိမ်အပေါ် ထပ်ရှိ သေတ္တာအတွင်းမှ ငွေများ ခိုးယူခံရကြောင်း၊ (၂၇-၃-၂၀၁၃) ရက် ည(၂း၃၀)အချိန်ခန့်က မကွေသွယ်မိုးသည် သားဖြစ်သူ မောင်အာကာစွမ်း(၇)လသားနှင့် အတူ နေအိမ်နှင့်တွဲလျက်မြောက် ဘက်ရှိ လသာဆောင်အောက် ထပ်ခန်းတွင် အိပ်ကြောင်း၊ အိပ် မပျော်မီတံခါးစေ့ရုံသာ စေ့ထား ၍ အတွင်းမှ လေ့ချရန်မေ့ပြီး အိပ်ပျော်သွားခဲ့ကြောင်း၊ သမီး ဖြစ်သူ မအိမ်ကဗျာ၊ ညီမ၀မ်းကွဲ တော်စပ်သူ မဌေးဌေးမာ၊ မဆွေ ဆွေဦးတို့ (၃)ဦးမှာ နေအိမ်ဧည့် ခန်းအတွင်း အိပ်၍ မောင်ဝမ်းကွဲ တော်စပ်သူ မောင်ဝင်းဘိုမှာ နေအိမ်နောက်ဖေးတွဲလျက်ရှိ မီး ဖိုဆောင်အတွင်း အိပ်ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုကို လင်းမှာ အလုပ်ကိစ္စဖြင့် ရန်ကုန် သို့ ထိုနေ့ည(၆) နာရီတွင် ခရီး ထွက်ခွာသွားကြောင်း (၂၈-၃-၂၀၁၃)ရက် နံနက် (၆း၃၀)အချိန် ခန့် မကေသွယ်မိုး အိပ်ယာမှ မနိုး မီ မဆွေဆွေဦးက အိမ်ပေါ်ထပ် သို့ တံမြက်စည်းလှည်းရန် သွားရာ မှ အိမ်အပေါ်ထပ် လသာဆောင် တွင်သွားသော တံခါးမကြီးပွင့် နေပြီး အပေါ်ထပ်တွင်ထားသော သေတ္တာ(၃)လုံးအနက် ရွှေထည် နှင့် ငွေများသိမ်းစည်းထားသော သေတ္တာမှာ ပတ္တာပျက်လျက် တွေ့ရ၍ မကေသွယ်မိုးအား နှိုး ၍ပြောပြကြောင်း၊ မကေသွယ် မိုးက သေတ္တာအား စစ်ဆေးရာ ရွှေ(၁၀)သားခန့်နှင့် ငွေကျပ် (၇၅) သိန်းအနက်မှ ငွေကျပ် (၇၂)သိန်း ပျောက်ဆုံးနေကြောင်း သိရှိရသည်ဆို၏။ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ မကေသွယ်မိုးမှ ၎င်းင်း၏ အိမ်မှ ငွေများခိုးယူသူ အား ဥပဒေနှင့်အညီ စုံစမ်းဖော် ထုတ်အရေးယူပေးပါရန် တရား လိုပြုလုပ်တိုင်တန်းသဖြင့် တောင် တွင်းကြီးမြို့မရဲစခန်းက (ပ)၆၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒု ရဲအုပ်သန်းဇော်မှ တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးနှင့် ဒု စရိုက်နှိမ်နင်းရေး၊ ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ တရားခံ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး အတွက် စုံစမ်းထောက်လှမ်းစစ် ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

 
ဟင်္သာ(တောင်တွင်းကြီး)
HotNewsJournal
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဲပြင် ကျေးရွာ တွင် ငွေကျပ် သိန်း(၇၀) ကျော်ခန့် ဖောက်ထွင်းအခိုးခံရ မှုဖြစ် ပွားကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ (၂၈-၃-၂၀၁၃) ရက် နံနက် (၁၀း၂၀)အချိန်ခန့်က သဲပြင်ကျေးရွာနေ မကေသွယ် မိုး(၃၂)နှစ် သည် နေအိမ်အပေါ် ထပ်ရှိ သေတ္တာအတွင်းမှ ငွေများ ခိုးယူခံရကြောင်း၊ (၂၇-၃-၂၀၁၃) ရက် ည(၂း၃၀)အချိန်ခန့်က မကွေသွယ်မိုးသည် သားဖြစ် သူ မောင်အာကာစွမ်း(၇)လသားနှင့် အတူ နေအိမ်နှင့်တွဲလျက်မြောက် ဘက်ရှိ လသာဆောင်အောက် ထပ်ခန်းတွင် အိပ်ကြောင်း၊ အိပ် မပျော်မီ တံခါးစေ့ရုံသာ စေ့ထား၍ အတွင်းမှ လေ့ချရန်မေ့ပြီး အိပ်ပျော်သွားခဲ့ကြောင်း၊ သမီး ဖြစ်သူ မအိမ်ကဗျာ၊ ညီမ ၀မ်းကွဲ တော်စပ်သူ မဌေးဌေးမာ၊ မဆွေ ဆွေဦးတို့ (၃)ဦးမှာ နေအိမ်ဧည့် ခန်းအတွင်း အိပ်၍ မောင် ၀မ်းကွဲ တော်စပ်သူ မောင်ဝင်းဘိုမှာ နေအိမ်နောက်ဖေးတွဲလျက်ရှိ မီးဖိုဆောင်အတွင်း အိပ်ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုကိုလင်းမှာ အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ ထိုနေ့ည(၆) နာရီတွင် ခရီး ထွက်ခွာ သွားကြောင်း (၂၈-၃-၂၀၁၃)ရက် နံနက် (၆း၃၀)အချိန် ခန့် မကေသွယ်မိုး အိပ်ယာမှ မနိုး မီ မဆွေဆွေဦးက အိမ်ပေါ်ထပ် သို့ တံမြက်စည်းလှည်းရန် သွားရာ မှ အိမ်အပေါ်ထပ် လသာဆောင် တွင်သွားသော တံခါး မကြီးပွင့် နေပြီး အပေါ်ထပ်တွင်ထားသော သေတ္တာ(၃)လုံး အနက် ရွှေထည် နှင့် ငွေများသိမ်းစည်း ထားသော သေတ္တာမှာ ပတ္တာပျက်လျက် တွေ့ရ၍ မကေသွယ်မိုးအား နှိုး ၍ပြောပြကြောင်း၊ မကေသွယ် မိုးက သေတ္တာအား စစ်ဆေးရာ ရွှေ(၁၀)သားခန့်နှင့် ငွေကျပ် (၇၅) သိန်းအနက်မှ ငွေကျပ် (၇၂)သိန်း ပျောက် ဆုံးနေကြောင်း သိရှိရသည်ဆို၏။ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ မကေသွယ်မိုးမှ ၎င်းင်း၏ အိမ်မှငွေများ ခိုးယူသူ အား ဥပဒေနှင့်အညီ စုံစမ်းဖော် ထုတ်အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင် တွင်းကြီးမြို့မရဲစခန်းက (ပ)၆၁/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒု ရဲအုပ်သန်းဇော်မှ တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးနှင့် ဒု စရိုက်နှိမ်နင်းရေး၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ တရားခံအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းထောက်လှမ်းစစ် ဆေး မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

HotNewsJournal

No comments:

Post a Comment