Monday, April 1, 2013

သူဌေးကြီး ဂျော့စ် ဆိုရော့စ်နှင့် ၈၈ ကျောင်းသားများ တွေ့ဆုံ

photo-mizzima

Open Society Institute မှ အမေရိကန် ဘီလျံနာ သူဌေးကြီး မစ္စတာ ဂျော့စ် ဆိုရော့စ်နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံ ဆွေးနွေးကြကြောင်း၊ ၈၈ အဖွဲ့မှ
ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ပါဝင်ပြီး အချိန် ၂ နာရီကြာ ဆွေးနွေးကြကြောင်း သိရသည်။ မစ္စတာ ဂျော့စ် ဆိုရော့စ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့မှ ဇန်နဝါရီ ၃ ရက်နေ့အထိ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဧရာဝတီ

1 comment:

  1. တိုးတိုးတိတ်ထောက်ပံ့နေတာက ကြာလှပါပြီ။ အခုတော့ ပေါ်ပေါ်တင်တင်ပေါ့။ ဂျော့ဆိုရော့ဘယ်သူလဲ၊ သူ့သမိုင်း ဘယ်လိုရှိခဲ့သလဲဆိုတာလည်း နိုင်ငံရေးအဖြစ်အပျက်တွေကိုစိတ်ဝင်စားတဲ့သူတွေ သိကြပါတယ်.။ မင်းကိုနိုင်ကရော ဘာကောင်လဲ ဆိုတာသိကြပါတယ်။ ထောင်ကထွက်တဲ့ကာလဘာမှ မကြာသေးပေမယ့် နိုင်ငံရေးကြောင့် မီလျံနာဖြစ်နေပါပြီ။ ဘယ်သူတွေခံရမလဲ။ ပြည်သူတွေပါပဲ။

    ReplyDelete