Saturday, April 6, 2013

ဖုန်းသံကို ဗဟို ပြုကြတော့မည် ကျေးလက်ဆီသို့

ဖုန်းသံကို ဗဟို ပြုကြတော့မည် ကျေးလက်ဆီသို့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်တွင် ဒီမို ကရေစီ ယဉ်ကျေးမှု ထွန်းကားရေး အတွက် လူ့အခွင့်အရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေး တို့ကို ဥပဒေနှင့် အညီ ပြည့်ဝစွာ ရရှိရေး ကြိုးပမ်း ဖော်ဆောင်လျက် ရှိရာ ဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ရှိရေး၊ သတင်း အချက်အလက် မျှဝေရေး၊ မူဝါဒများ ချမှတ်ရာတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပါဝင်ရေး၊ ဘဏ္ဍာရေး ကိစ္စရပ်များ စီမံ ခန့်ခွဲရေး တို့တွင် အောက်ခြေအဆင့် အထိ ပါဝင်နိုင်အောင် ဖန်တီးပေး ထားပြီးဖြစ်သည်။

နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများမှာ ပြည်သူ အခြေပြု ဖွံ့ဖြိုးရေး နည်းဖြင့် ချဉ်းကပ် ဆောင်ရွက်လျက် ရှိခြင်းကြောင့် ရည်မှန်းချက် အောင်မြင်ရန် လိုအပ်သော သတင်း အချက်အလက်များ စုစည်းရန် လိုအပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အချင်းချင်း လုံလောက်သော ပူးပေါင်း ဆောင်ရွက်မှု ရှိရမည် ဖြစ်သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အတွက် နိုင်ငံရေး ပြုပြင်  ပြောင်းလဲရေးမပြုလုပ်ဘဲ မရနိုင်သဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွင် နိုင်ငံသား အားလုံး စိတ်ရော ကိုယ်ပါ အားကြိုးမာန်တက် ပါဝင်ကြရန် လိုအပ်သည်။ တစ်ပြိုင်တည်းမှာပင် နိုင်ငံသား တစ်ဦးချင်း အနေဖြင့် မိမိတို့ ကျရာလုပ်ငန်း တာဝန်များကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရကလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး အတွက် စီးပွားရေး ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးလျက် ရှိသည်

Read more>> http://bit.ly/13ZsGOz
 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်တွင် ဒီမို ကရေစီ ယဉ်ကျေးမှု ထွန်းကားရေးအတွက် လူ့အခွင့် အရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေး တို့ကို ဥပဒေနှင့် အညီ ပြည့်ဝစွာရရှိရေး ကြိုးပမ်း ဖော်ဆောင်လျက်ရှိရာ ဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ရှိရေး၊ သတင်း အချက်အလက် မျှဝေရေး၊ မူဝါဒများချမှတ်ရာတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပါဝင်ရေး၊ ဘဏ္ဍာရေး ကိစ္စရပ်များစီမံခန့်ခွဲရေး တို့တွင် အောက်ခြေအဆင့် အထိ ပါဝင်နိုင်အောင် ဖန်တီးပေး ထားပြီးဖြစ်သည်။
နိုင်ငံတော် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများမှာ ပြည်သူအခြေပြု ဖွံ့ဖြိုးရေးနည်းဖြင့် ချဉ်းကပ် ဆောင် ရွက်လျက်ရှိခြင်းကြောင့် ရည်မှန်းချက် အောင်မြင်ရန် လိုအပ်သောသတင်းအချက်အလက်များ စုစည်းရန် လိုအပ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ အချင်းချင်းလုံလောက်သော ပူးပေါင်း ဆောင်ရွက်မှု ရှိရမည် ဖြစ်သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးမပြုလုပ်ဘဲ မရနိုင်သဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးတွင် နိုင်ငံသား အားလုံး စိတ်ရော ကိုယ်ပါ အားကြိုး မာန်တက် ပါဝင်ကြရန်လိုအပ်သည်။ တစ်ပြိုင်တည်းမှာပင် နိုင်ငံသားတစ်ဦးချင်းအနေဖြင့် မိမိတို့ ကျရာလုပ်ငန်းတာဝန်များကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရကလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး အတွက် စီးပွားရေး ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးလျက် ရှိသည်။
နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ကျေးလက်ပြည်သူ တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိရာ ကျေးလက် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်ရေး၊ ကျေးလက်အရောက် ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုဖူလုံရေး၊ ကျေးလက် မီးလင်းရေးနှင့် လမ်းပန်း ဆက်သွယ် မှု ကောင်းမွန်ရေးတို့ကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက် ရှိသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ကြရာတွင် အစိုးရ ကသာ ဆောင်ရွက်နေ ပါက အောင်မြင်မှု ရရှိနိုင်မည်မဟုတ်သဖြင့် ပြည်သူအားလုံးတို့က စိတ်ကောင်း စေတနာကောင်းဖြင့် ကိုယ်စီကိုယ်င ပါဝင်ကြရမည် ဖြစ်သည်။ ယခုအခါဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက Sim Card  များကို ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ဧပြီ ၂၄ ရက်တွင် စတင် ရောင်းချပေးရန် စီစဉ်လျက်ရှိရာ ကျေးလက်နေ ပြည်သူတို့အတွက် စီးပွားရေးနှင့်လူမှုရေးတို့တွင် သတင်းအချက် အလက်နှင့် ဆက်သွယ်မှု ပိုမိုလွယ်ကူ လျင်မြန် လာတော့မည် ဖြစ်သည်။ ယခင်က ''ကြက်သံကို ဗဟိုပြု ရတယ် တောသူရွာမို့'' ဆိုသည့်အစား ''ဖုန်းသံကို ဗဟိုပြုကြတယ် ကျေးလက်ဆီသို့'' ဟု ပြောင်းလဲ ရမည့် ခေတ်သို့ ရောက်တော့မည် ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတော်တွင် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရေးလုပ်ငန်းစဉ်များနှင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများအား နိုင်ငံတော် အစိုးရနှင့် အတူ ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။       ။
From....မြ၀တီ

1 comment:

  1. တသက်လုံးဒီနံပါတ် ပဲ သုံးလို့ရမှာလား တခါသုံး ၁၅၀၀ ကတ်လား

    ReplyDelete