Saturday, April 6, 2013

အမျိုးသားတို့ စားသင့်သော အစားအသောက် ၁၀ မျိုး

အမျိုးသားတွေအနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေး ကောင်းနေ ဖို့ အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့် အစာတွေကိုပဲ ဖြစ်သလို စားကြတာများပါတယ်။ အစားအသောက် ရွေးချယ်မှုမှားယွင်းတဲ့အတွက် အဝလွန်တာ၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက် လာပါတယ်။

ဒီလိုမဖြစ်စေဖို့ဆိုရင် ဇနီးသည်တွေက ဂရုစိုက်ပေးသင့်တာကြောင့် သင့်ခင်ပွန်း ကျန်းမာ သက်ရှည်ဖို့ အတွက် အောက်ပါ အစားအသောက် တွေကို ကျွေးဖို့ လိုပါတယ်။

၁။ ငှက်ပျောသီး
အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင် တာကြောင့် ကြွက်သား ကြွက်တက် တာ မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးကို စားရင် အဆစ်နဲ့ ကြွက် သားတွေကို နာကျင်မှု ကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီး မှာ ရောင်ရမ်း မှုကို လျော့ကျစေတဲ့ အာနိသင်ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင် တာကြောင့် သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ်ပါဝင် တာကြောင့် လေဖြတ်ဝေဒနာ ကို လျော့ကျစေပါတယ်။

၂။ ဂျုံမှုန့်အကြမ်း
အမျိုးသားတွေအတွက် အသင့်တော်ဆုံး နံနက်စာက ဂျုံမှုန့်အကြမ်းနဲ့ လုပ်ထားတဲ့ မုန့် (Oatmeal Snack) နဲ့ ကွေကာ (Oatmeal Cereal) တို့ပဲ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေကို မုန့်ပုံးတွေ၊ အဆင်သင့်စီမံ ထားတဲ့ ကွေကာအုတ်တွေ အနေနဲ့ City Mart ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။

ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာ တစ်ကြိမ်စားရင် အမျှင်ဓာတ်များများ ပါဝင်ပြီး ဗိုက်ပြည့်စေကာ သွေးတွင်း သကြားဓာတ် ဟန်ချက် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ သွေးတွင်း ကိုလက်စထရော အဆီ လျော့ကျ ပါလိမ့် မယ်။ ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ် ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့် ဗီတာမင်ဘီအုပ်စုနဲ့ အင်တီအောက်ဆီးဒင့် ပေါများစွာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ပေါများစွာ ပါဝင်ပါတယ်။

၃။ ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးမှာ အရောင်ပြာစေတဲ့ အန်သိုဆိုင်ယာနင် ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ရှိ ဖရီးရယ်ဒီကယ်တွေကို ထိခိုက် ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်း မှုနဲ့ တစ်သျှူးထိခိုက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက ဆီးကျိတ် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက် ပါဝင်တာကြောင့် ခရမ်းချဉ် သီးအရောင် နီမြန်းရတာ ဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အ တွက် မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီး စားသင့်ပါတယ်။ ချက်ပြီး သား ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင် ပါတယ်။

၅။ သံလွင်ဆီ
တစ်နေ့မှာ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်း စားပေးရင် ကိုယ်အလေး ချိန်ကို လျော့ကျစေကာ စိတ် ခံစားမှု ကောင်းစေပြီး ရောဂါဝေဒနာ ဖြစ်နှုန်း ကို လျော့ကျစေပါတယ်။ သံလွင်ဆီက ကောင်းတဲ့ အဆီ ဖြစ်ပြီး မပြည့် ဝဆီဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက် ဆီးဒင့် ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီကို စားရင် သွေးဖိအားကို လျော့ ကျစေပြီး ကင်ဆာရောဂါ ကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ်ပန်းနာနဲ့ အဆစ်ရောင်နာ ရဲ့ ပြင်းထန်မှု ကို လျော့နည်းစေ ပါတယ်။ သံလွင်ဆီမှာ ရောင် ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှု ကျစေတဲ့ အာနိသင် ရှိတာကြောင့်ပါ။

၆။ သီဟိုဠ်စေ့
သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆီးကျိတ်ကို ကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက် အိုမီဂါ ၃ ဖက်တီး အက်စစ် ကောင်း မွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့ သူကကောင်းတဲ့ ကိုလက်စထရော ပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ ကိုလက်စထရော လျော့ကျနေတာကြောင့် နှလုံးသွေးကြောရောဂါ အန္တရာယ်ကို လျော့နည်းစေပါတယ်

၇။ ပန်းဂေါ်ဖီစိမ်း
နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသားတွေမှာ အဖြစ်များဆုံး ကျန်းမာရေး အန္တရာယ်တွေ ဖြစ်ပါ တယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေ တဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။

ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ်ထဲက ဟိုမိုစစ်စတင်း အဆင့်ကို လျော့ ကျစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟိုမိုစစ်စတင်း အဆင့်များရင် နှ လုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့ ဆက်စပ်နေတဲ့ တခြားကျန်း မာရေးပြဿနာတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အမျိုးသားတွေ အနေနဲ့ ကင်ဆာရောဂါ ကင်းစေဖို့အတွက် သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။

၈။ အဆီများသော ငါး
အဆီများတဲ့ငါးတွေမှာ ကျန်းမာရေးအာနိသင် များများရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်း ငါးတွေမှာ အိုမီဂါ ၃ ဖက်တီး အက်စစ် ပေါများစွာ ပါဝင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထရစ်ပတိုဖန် ပါဝင်တာကြောင့် တစ်နေ့လုံး စိတ်တည်ငြိမ် အေးချမ်းပြီး တက်ကြွကာ အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။

၉။ ပဲမည်း
ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရို တင်း ပုံစံပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပဲမည်း ကို စားပေးတဲ့အခါမှာ တစ်နေ့လုံး စွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပါတယ်။ လေ့လာမှုအရ ပဲက ပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများလေလေ ဖြစ်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါတို့ မဖြစ်အောင် ထိထိရောက် ရောက် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၁ဝ။ လက်ဖက်စိမ်း လက်ဖက်ရည်
သင့်ခင်ပွန်းကို လက်ဖက်စိမ်း လက်ဖက်ရည် တစ်နေ့တစ်ခွက် တိုက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ကက်တီချင် ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကို ကောင်းစေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်း မွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကတ်တီချင်က တခြား လက်ဖက်ရည်တွေမှာပါတဲ့ ပမာဏထက် ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

Good Health

No comments:

Post a Comment